201

2.4K 89 3
                                    

Uni
======
Hail The King
အပိုင်း(၂၀၁)

ကျယ်လောင်သောအော်ဟစ်သံများနှင့် သတ္တုခြင်းရိုက်ခတ်သံများကြောင့် ကောင်မလေးများအိမ်မက်မှ လန့်နိုးလာကြ၏။ အန်ဂျယ်လာချက်ချင်းပင်ထလိုက်ပြီး ဓားတစ်လက်ကိုကိုင်ဆောင်ထားသည့် နိုးနှင့်နေပြီးဖြစ်သောဖှေးအားတွေ့လိုက်ရ၏။

သူမ ဖှေးကိုမြင်လိုက်ရသည့်အတွက် စိတ်အေးသွားပြီးမေးလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ အလတ်ဇန္ဒား..." သူမဖှေးအနားတွင်ရှိနေပါက အမြဲလုံခြုံသလိုခံစားရ၏။

"ငါတို့မြင်ရမှာပါ..." ဖှေးသူ၏အနီရောင်၀တ်ရုံကိုယူကာ အန်ဂျယ်လာကိုခြုံပေးလိုက်၏။ "ငါနဲ့အတူသွားပြီးစစ်သည်တွေကို သူတို့ရဲ့ဘုရင်နဲ့ဘုရင်မက အနောက်မှာရှိနေကြာင်းပြရအောင်..." ဤအချိန်တွင်ဆံပင်ရွှေရောင်နှင့် အန်မာတစ်ယောက်လည်းနိုးနေပြီဖြစ်သည်။ သူမအလွန်အိပ်ချင်နေသေး၏။

သူတို့သုံးယောက်တဲအတွင်းမှ အတူထွက်ခွာလာခဲ့ကြသည်။

ချမ်းဘော့ဒ်ဥပဒေပြုအရာရှိများမှာ လျှင်မြန်စွာတုန့်ပြန်ကြသည်။ ယခုအချိန်တွင် သူတို့အားလုံးသည်ခံစစ်ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်ထားပြီးဖြစ်၏၊ ကြီးမားသည့်အမဲရောင်သံမဏိဒိုင်းကာကြီးများကို တစ်ခုနှင့်တစ်ခုချိတ်ဆက်ကာ ခံတပ်နံရံငယ်တစ်ခုကို ဖန်တီးလိုက်ကြသည်။ ထိုနံရံမှာ ဘုရငျ၏တဲကိုပတျလညျ၀ိုငျးလိုကျပွီး ဘုရင်အားပစ်လွှတ်လိုက်နိုင်သည့် လက်နက်များရံမှ ကာကွယ်ပေးလိုက်ကြသည်။ တချို့စစ်သည်များမှာ ဘောင်းဘီတစ်ထည်ကိုသာ ၀တျဆငျခြိနျရလိုကျသောျလညျး အေးစက်သောလေထုအောက်တွင် ထင်ဟပ်နေသည့် ကြီးမားသည့်ကြွက်သားကြီးများကြောင့် ပို၍ပင်ကြံ့ခိုင်သည့်ပုံပေါက်နေ၏။

ဥပဒေပြုအရာရှိများနှင့် နှိုင်းယှဥ်ပါက သူတော်စဥ်တပ်ဖွဲ့တုန့်ပြန်သည်မှာ ပို၍ပင်မြန်ဆန်နေ၏။ ထိုစစ်သည်၅၀မှာ ချပ်၀တ်များကို ၀တျဆငျလြှကျပငျအိပျစကျသညျ့ပုံရသညျ။ ဒရော့ဂ်ဘာ၊ ပီးရာစ့်နှင့် အိုလတ်ဂ်တို့၏ ဦးဆောင်မှုအောက်တွင် မီးမှုတ်သားရဲများပေါ်သို့ ခုန်တက်လိုက်ကြသည်။ လက်ထဲတွင် ကြီးမားသည့်ပုဆိန်ကြီးများကို ကိုင်ဆောင်လျှက် သူတို့၏ခန္ဂာကိုယ်အားရှေ့သို့ယိမ်းယိုင်လိုက်သည်။ သူတို့စီးနှင်းထားသည့် မီးမှုတ်သားရဲများမှာလည်း ကျွဲရိုင်းများကဲ့သို့ပင် မြေပြင်အားခြေထောက်ဖြင့် အဆက်မပြတ်ကဆုန်ပေါက်လျှက်ရှိသည်။ ဖှေးအမိန့်ရသည်နှင့် တပြိုင်နက်ရှေ့သို့တဟုန်ထိုးချီတပ်ကာ လမ်းတွင်ရှိနေသမျှရန်သူအား အမှုန့်ချေပစ်မည်ဖြစ်သည်။

Hail the king(201-400)Where stories live. Discover now