ဒီမျက်လုံးက ထန်ကောခေါ်နေကျ 'ပယင်းလေး'။

အထက်တန်းပြီးကတည်းက၊ မျက်ကပ်မှန်မတပ်တော့ဘူး။ ယုံကြည်မှုရှိရှိနဲ့ပဲ၊ ကိုယ့်ရဲ့ချို့ယွင်းချက်ကို ထုတ်ဖော်ပြသထားခဲ့တယ်။

ဘာလို့လဲဆိုတော့၊ မျက်လုံးတစ်ဖက်မမြင်ရတာက သူ့ကိုအားမနည်းစေတော့ဘူးလေ။

"ဟေး! ပြန်သွားပြီးလဲလာခဲ့! ကော်ဖီမသောက်ချင်ပါဘူးဆိုနေမှ! ရှင်တို့ဆိုင်ကို မကောင်းတဲ့မှတ်ချက်တွေ ရေးမိမှာနော်!"

"အစ်မ အထင်လွဲနေပါပြီ..."

ဟယ်ရှင်းချွမ်က ရှင်းပြဖို့ကြိုးစားနေချိန်မှာပဲ၊ အတွင်းပိုင်းရုံးခန်းရဲ့တံခါးဟာ ပွင့်လာခဲ့တယ်။
ထွက်လာသောလူရဲ့မျက်ခုံးတွေဟာ ထိလုမတတ်တွန့်ချိုးနေခဲ့ရင်း။
"ဘာတွေဆူညံနေတာလဲ?"

လူအုပ်ကြီးအလယ်မှာ အူကြောင်ကြောင်လေးရပ်နေတဲ့ ဟယ်ရှင်းချွမ်ကိုမြင်သွားတော့၊ ယန်ထန်ဟာ သက်ပြင်းချမိတယ်။
"ရောက်လာတာကို ဘာလို့တစ်ခွန်းမှမပြောရတာလဲ?"

အခန်းတံခါးကို လှမ်းပိတ်လိုက်ပြီး၊ ဟယ်ရှင်းချွမ်နားလျှောက်လာခဲ့တယ်။
လက်ထဲကမုန့်ထုပ်တွေကို မြင်သွားတော့
"ကော်ဖီနဲ့မုန့်တွေပါဝယ်လာတာလား? လိမ္မာလိုက်တဲ့ဖြူလေး"

ဟယ်ရှင်းချွမ်ဟာ ရှက်သွေးဖြာသွားရပြန်တယ်။
ယန်ထန့်ပုခုံးကို လှမ်းပုတ်လာပြီး
"ငါ့ကိုစမနေနဲ့..."

နှစ်ယောက်က အလွန်ရင်းနှီးနေဟန်ပင်။
မပြုံးမရယ်နေတတ်တဲ့ ဘော့စ်ယန်ထန်က၊ အခု သူတို့ရှေ့မှာစနောက်နေတာလား!?

Milk Teaဗူးကိုင်ထားတဲ့လူငယ်လေးဟာ မှန်တံခါးတို့ရဲ့အပြင်ဘက်မှာ ရပ်နေခဲ့တယ်။
"တံခါးဖွင့်ပေးလို့ရမလား? အစ်မကြီးဝမ်ရဲ့ မှာထားတာလေးတွေရပါပြီ"

"......"

...

ကော်ဖီနဲ့မုန့်တွေကို ဝေပေးပြီးနောက်မှာ၊ ဟယ်ရှင်းချွမ်က ယန်ထန့်ရုံးခန်းထဲဝင်အောင်းနေတယ်။

သူ့ရဲ့ထန်ကောကတော့ အစည်းအဝေးရှိလို့တဲ့၊ အပြင်ပြန်ထွက်သွားလေရဲ့။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now