စားသောက်လို့အပြီးမှာ၊ ယန်ထန်က ဘောင်းဘီအိတ်ကပ်ထဲမှ စာရွက်အပိုင်းအစလေးကို ထုတ်ပြကာ
"အောက်ထပ်မှာ၊ မင်းကိုရှာနေတဲ့ အဘိုးတစ်ယောက်နဲ့တွေ့ခဲ့တယ်။ ဖုန်းနံပါတ်ကို ကြည့်လိုက်ဦး! သိကောသိရဲ့လား? ဖြူလေး...အပြင်မှာ ရှောင်သုံးတွေ ရှောင်လေးတွေ ရှောင်ငါးတွေထားပြီး၊ အဖော်ခံရတာတော့ မဟုတ်ပါဘူးနော်!?"

ဟယ်ရှင်းချွမ်က စာရွက်ပေါ်ကဖုန်းနံပါတ်ကို စိုက်ကြည့်နေရင်း၊ မျက်မှောင်တွေကြုတ်လာခဲ့တယ်။
"ဟယ်ရှင်းလျန်ရဲ့အဘိုး"

"အလုပ်သင်ဆင်းတုန်းက အဲ့အမှုကနေသိခဲ့တာလား?"

"အင်း"

"သူ မင်းကိုဘယ်လိုရှာတွေ့သွားတာလဲ?"

"မသိဘူး၊ စီနီယာလီချင်းကို မေးကြည့်လိုက်မယ်"

လီချင်းက ပြောပြလာတယ်...လူကုန်ကူးသူနှစ်ယောက်က ပြစ်ဒဏ်ဆိုင်းငံ့ခြင်းအတွက် တောင်းဆိုနေတယ်တဲ့...အမျိုးသမီးတစ်ချို့ရဲ့နာမည်နဲ့ နေရာကိုပြောပြရင်းပေါ့။

"...ကယ်နိုင်လိုက်လား?"

"မကယ်နိုင်လိုက်ဘူး။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက၊ အရိုက်ခံရပြီး သေသွားတယ်..."

"ပြီးတော့ရော..."

"ရှင်းချွမ်...မင်းဘာဖြစ်လို့လဲ? ရှေ့နေကြီးကို မေးပေးရမလား?"

"မလိုပါဘူး စီနီယာ။ သိချင်ယုံသပ်သပ်ပါ၊ ပြဿနာဖြစ်စေမိပါပြီ"

"မလိုပါဘူး! ငါ မင်းတို့မြို့ဆီလာဦးမှာ၊ ညစာတူတူစားဖို့ ကြိုချိန်းကျတာပေါ့!"

"ဟုတ်ပါပြီ"

တစ်ရွာလုံးက သိထားတယ်လေ...လောင်ဟယ်ရဲ့မြေးလေးက ကလေးခိုးပြီးထွက်ပြေးသွားတယ်ဆိုတာကိုပေါ့။ ရူးသွပ်လွန်းတဲ့ ကောင်ငယ်လေးပဲ။
ရှာတွေ့ဖို့က လွယ်ကူပါတယ်၊ ပြီးတော့ ဟယ်ရှင်းချွမ်ရဲ့ဦးလေးကလည်း ရွာမှာရှိနေတုန်းပဲလေ။

ဟယ်မိသားစုက အံ့ဩစရာမိသားစုပဲ၊ မိဘမရှိပဲနဲ့တောင် ကလေးကကောင်းကောင်းကြီးပြင်းလာတယ်။ မျက်လုံးက သိပ်မကောင်းပေမဲ့လို့ပေါ့။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now