နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၁)

Start from the beginning
                                    

“ဘန်း” ရုတ်တရက်ကြီး ကွန်ပျူတာက အမဲရောင်ဖြစ်သွားပြီး ကျယ်လောင်သည့် အသံတောင် ထွက်လာခဲ့သည်။ ရန်စန်း ကလန့်သွားပြီး တစ်ကိုယ်လုံးတောင် ခုံပေါ်မှ ကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူ့ညာခြေထောက်က ခုံကိုကန်မိသွားခဲ့သည်။ ရုန်းကန်လိုက်ပြီးနောက် ခုံနဲ့အတူ ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့သည်။

ရန်စန်း ကလေအေးကို ရှူမိသွားပြီး သူ့လက်တွေက သူ့ညာခြေထောက်နားတွင် ရှိနေသည်။ သူ့အမူအရာက ခတ်ထန်နေပြီး သူ့ညာခြေထောက်မှ နာကျင်မှုကို စတင်ခံစားလာရသည်။

“Fuck!” ရန်စန်း ကကျိန်ဆဲလိုက်သည်။

ဒီနေ့ သူတို့အခန်းထဲတွင် ဘယ်သူမှမရှိပေ၊ အခုချိန် အခန်းထဲကို တစ်ယောက်ယောက် ရောက်လာရင်တောင် သူ အသက်ရှင်လား၊ သေနေလားဆိုတာကို ဘယ်သူမှဂရုစိုက်ကြမှာ မဟုတ်ပေ။ နောက်ပြီး အခန်းထဲရှိ အခန်းဖော်တွေနဲ့ အဆက်အသွယ်လုပ်မှုကလည်း ဇီးရိုးသာရှိပြီး သူက အတန်းကိုတောင် မသွားခဲ့ပေ။

တခြားစကားနဲ့ပြောရရင် သူက လူကြောင်ဖြစ်ရုံပင်။

သူက မသန့်ရှင်း၊ ဖြစ်ကတက်ဆန်းနိုင်ပြီး ဆက်သွယ်မှုလည်း မရှိပေ။ သူက သူ့ခေါင်းကို အမြဲတမ်း အောက်ငုံ့ထားပြီး မှုန်မှိုင်းနေတက်သည်။

ရန်စန်း ရဲ့မျက်လုံးထဲမှ ထိတ်လန့်မှုတွေက ပျောက်ပျက်မသွားသေးပေ။ တံတွေးကို မျိုချလိုက်ပြီး ကြမ်းပြင်ပေါ်မှ ခက်ခက်ခဲခဲ ထ,လိုက်သည်။

ဘာဖြစ်သွားတာလဲ?

ကွန်ပျူတာက ထပ်လင်းသွားပြီး အဖြူရောင်အလင်းက ထွက်လာခဲ့သည်။ နှစ်ကြိမ်လောက် လင်းသွားပြီး ရန်စန်း ရဲ့သွေးကြောတွေက ထောင်သွားခဲ့သည်။ ကွန်ပျူတာစခရင်က တဖြည်းဖြည်းနဲ့ သူ့ဘာသာ ပြန်ပြင်နေခဲ့သည်။ ၁၀ စက္ကန့်လောက်မှာပဲ ကွန်ပျူတာရဲ့မူရင်း အနက်ရောင်ကနေ မူလအခြေအနေကို ပြန်ရောက်သွားခဲ့သည်။ ရန်စန်း ကပေ့ချ်တွေကို ဖွင့်ကြည့်လိုက်ချိန်တွင် အရင်အတိုင်းပင်။

ဘာမှမဖြစ်ခဲ့သလိုမျိုးပင်။

ရန်စန်း ကရပ်လိုက်ပြီး တွန့်ဆုတ်စွာဖြင့် သတိထားကာ ခြေလှမ်းလိုက်ပြီး ကွန်ပျူတာဆီ ရှေ့တိုးလိုက်သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now