နတ်ဆိုးနဲ့လဲလှယ်ခြင်း(၁၀)

Start from the beginning
                                    

လန့်စရာကောင်းတဲ့အရာကတော့ တချို့သဲလွန်စတွေက ထူးထူးဆန်းဆန်းနဲ့ကို လူတစ်ယောက်တည်းကိုသာ ညွှန်ပြနေခဲ့သည်။

ကျိုးယင်မေ့ ရဲ့မျက်ခုံးက ပိုကြုတ်သွားခဲ့ပြီး ထိုလူရဲ့မျက်နှာက သူမခေါင်းထဲ ပေါ်လာခဲ့သည်။

ရှောင်ချန်း။

ကျိုးယင်မေ့ ကသူ့လက်သီးကို ခါလိုက်သည်။

လီတ အမှုစစုံစမ်းတည်းက သူတို့ပထမဆုံး ပစ်မှတ်ကတော့ လီတ ရဲ့ရည်းစားဟောင်းဖြစ်သည့် ဝမ်ဂျင်းရီ အပါအဝင် အားလုံးကို ရဲတွေက သံသယဝင်ခဲ့သည်။ သို့သော် သူတို့အားလုံးကို မစစ်ဆေးနိုင်ခင်မှာ ရှောင်ချန်း နဲ့သူ့မိသားစုကိစ္စကို စစ်ဆေးခဲ့ပြီး သူ့အရည်အချင်းက အန္တရာယ်ရှိသည်။

ဝမ်ဂျင်းရီ ရဲ့အမှုကိစ္စတွင် သူတို့နှစ်ယောက်က အခြေခံပတ်သက်မှုလေး တစ်ခုတောင် မရှိတာကို တွေ့ခဲ့တာကြောင့် ရှောင်ချန်း ကိုသံသယမရှိပေ။ သို့သော် ဝမ်ဂျင်းရီ ရဲ့သေဆုံးသည့် တစ်ချိန်တည်းတွင် ရှောင်ချန်း ကစာကြည့်တိုက်နားတွင် ပေါ်လာခဲ့ပြီး စောင့်ကြည့်ကင်မရာထဲတွင်လည်း ရိုက်မိခဲ့သည်။

ထို့နောက်တွင် ရဲတွေက ဝမ်ဂျင်းရီ ရဲ့ဆက်သွယ်ရေး ပစ္စည်းတွေနဲ့ ဆော့ဖ်ဝဲလ်တွေကို စစ်ဆေးခဲ့ကြသည်။ ရှောင်ချန်း နဲ့ ဝမ်ဂျင်းရီ တို့ကြားက စကားပြောခဲ့ကြသည့် စာတွေကို သူတို့တွေ့ခဲ့ကြသည်။ ထိုအထဲတွင် ရှောင်ချန်း က ဝမ်ဂျင်းရီ အကြောင်း တွေးတောနေတာနဲ့ တချို့ပွင့်လင်းသည့် စာတွေကိုတောင် သူတို့မြင်ခဲ့သည်။

ဂျန်လင်း နဲ့ ရှောင်ချန်း ကြားက အကွာအဝေးက အပြင်ပိုင်းတွင် ထုတ်မပြပေမဲ့ ဒီအမှုက ဒီလိုမျိုးဆက်သွားနေရင် ရှောင်ချန်း ကအဓိက သံသယရှိသူဖြစ်လာမယ်လို့ ကျိုးယင်မေ့ ထင်မြင်မိသည်။

သူမရဲ့ဆဌမအာရုံအရ မိန်းမတစ်ယောက်ရဲ့ ဆဌမအာရုံအရ အရမ်းကိုတိကျသည်။

ညဘက်

လေပြည်လေးက တိုက်ခတ်နေပြီး သစ်ရွက်တွေက လှုပ်ရှားနေခဲ့သည်။ သစ်ရွက်တွေက ယိမ်းထိုးနေပြီး အချင်းချင်း အရှေ့အနောက် တိုက်မိနေသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now