သူ့လက်ကောက်ဝတ်သူ ယန်ထန်ပြန်ဆွဲဆိတ်မိတယ်
"ဘယ်လောက်ကြာမှာလဲ?"

"အာ...အနည်းဆုံး၂ရက်လောက်လား?"

"နားလည်ပါပြီ"

ယန်ထန်အပြင်ထွက်သွားခါမှ၊ ဆရာဝန်က သူ့ဘေးရှိနောက်ဆရာဝန်တစ်ယောက်ကို ကပ်ပြောမိတယ်
"ငါတွေးနေတာက 'သူ ငါ့ကိုဘယ်တော့ထထိုးလောက်မလဲ?' ဆိုပြီးပဲ!"

အဘွားက ဘေးခုတင်ရှိလူတွေနဲ့ စကားပြောနေခဲ့တယ်။ ပြန်ရောက်လာတဲ့ ယန်ထန်ကိုမြင်တော့
"ထန်ထန်! ငါ ဆေးရုံဆင်းရတော့မယ်မလား?"

"အဘွား! ဆေးရုံရောက်ဖို့အခွင့်အရေးက နည်းတယ်ဆိုတော့၊ တစ်ကိုယ်လုံးဆေးစစ်ကျတာပေါ့။ နောက်ရက်အနည်းငယ်လောက် ထပ်နေဦးနော်"

"မဖြစ်ဘူးလေ! အိမ်က ကြက်တွေနဲ့ ဘဲတွေကို ဘယ်သူအစာကျွေးမှာလဲ!? ကုလားဆီးဖြူသီးတွေကိုရော ဘယ်လိုလုပ်မှာလဲ!? ခူးပြီး နင်တို့ဆီပို့ပေးမလို့ဟာ၊ ထပ်ကြာသွားရင် အကုန်ပုပ်သွားမှာပေါ့!"

"အဘွား၊ စိတ်အေးအေးသာထားပါ။ အိမ်နီးချင်းတွေကို အကုန်အကူအညီတောင်းပြီးသွားပြီ!"

"အင်း။ ဒါပေမဲ့ သူတို့ကိုပြောလိုက်ဦး! ငါ့ကုလားဆီးဖြူသီးတွေကို မခိုးစမ်းနဲ့လို့!"

လင်ချန်းမြို့-ဟယ်ဘေးစီရင်စုရဲ့ အနောက်တောင်ဘက်တွင်ရှိသောမြို့။ တိုင်ဟန်တောင်တန်းများ၏ တောင်ခြေတွင်တည်ရှိသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now