XXIII

5.5K 512 7
                                    

Unicode

အစကတော့ တစ်နေ့ထဲအမဲလိုက်ပြီး နန်းတွင်းကိုပြန်ကြမှာဖြစ်ပေမယ့် မနေ့က ရှောင်းကျန့်ကမလိုက်နိုင်လို့ ရိပေါ်ပါမလိုက်ရတာမို့ နောက်တစ်ရက်ထပ်နေကြရင်း ‌နောက်တစ်နေ့ ရိပေါ်တို့ပါ အမဲထပ်လိုက်ဖို့ စီစဉ်လိုက်ကြသည်။ ရှောင်းကျန့်ကလဲ အမဲလိုက်ထွက်ချင်နေတာ ရိပေါ်ကသိတာမို့ အခုလိုစီစဉ်လိုက်ရတာ။

မနေ့ပိုင်း ရိပေါ်တို့အိပ်ရာနိုးလို့ ကိုယ်လက်သန့်စင်ပြီး အမဲလိုက်ထွက်ဖို့ပြင်ဆင်ကြတယ်။

"ကျန့်ငယ် ကိုယ်အပြင်ကပဲစောင့်နေမယ်
ရှိုးချန်နဲ့ပြောစရာရှိလို့"

"ဟုတ်ကဲ့ အရှင်"

ရိပေါ်တဲဆောင်ထဲကထွက်သွားကာ အပြင်မှာ ကျီဟွမ်ကိုစ‌နေတဲ့ရှိုးချန်နားကိုသွားလိုက်ပြီး စကားရပ်ပြောနေကြသည်။ ရှောင်းကျန့်က ရိပေါ်ထွက်မသွားခင် အင်္ကျီဝတ်နေတာ၊ သူ့ကိုစောင့်နေကြတာအားနာတာမို့ အမြန်အဝတ်အစားလဲလိုက်တယ်။ ရှောင်းကျန့် ထွက်သွားတော့ ကျီဟွမ်ကသူ့ကိုလက်လှမ်းပြသည်။

"ကျန့်ကျန့် သတိထားနော်"

"အင်းပါ မင်းရောပဲ"

အမဲလိုက်ထွက်ရာလမ်းမှာ တောကောင်တွေကိုတွေ့၍ ရှောင်းကျန့်မှာ စိတ်လှုပ်ရှား‌ေနသည်။ သူကသားရဲကောင်တေ‌ွနဲ့တော့မတွေ့ချင်ဘူး။ ရှောင်းကျန့်ကဘာမှလုပ်တတ်တာမဟုတ်ဘူး၊ ကျားတို့ဘာတို့ဆို သူ့ကိုအရှင်ကကာကွယ်မှာဆိုပေမယ့် ပြောမရဘူး သေသွားရင်ဘယ်လိုလုပ်မလဲ။ သူ့အရှင်နဲ့လက်တောင်မထပ်ရသေးဘူး။

ရှောင်းကျန့်တို့နေ့လည်လောက်ရောက်တော့ နားလိုက်ကြတယ်။ ယုန်တွေတွေ့ပေမယ့် ရှောင်းကျန့်က ယုန်ချစ်တာမို့ ရိပေါ်ကိုမသတ်ခိုင်း။ ထို့ကြောင့် တောဝက်သာမိလာခဲ့သည်။

ရှောင်းကျန့်တဲဆောင်ကိုပြန်ရောက်တာနဲ့ ရေချိုးကာ အနားယူတယ်။ ရိပေါ်ကတော့ ရေချိုးပြီးသည်နှင့် ရှိုးချန်နဲ့အတူ တိုင်းပြည်ရေးရာကိစ္စတွေထိုင်ပြောနေကြသည်။ ညနေရောက်တော့မှ ရှောင်းကျန့် သူ့ယုန်မဲလေးကိုပိုက်ကာ အပြင်ထွက်လာတယ်။

My Husband is from a Prohibition BookWhere stories live. Discover now