XXIX

4.3K 398 35
                                    

Unicode

တစ်ပတ်ကြာပြီးတဲ့ချိန်၌ ယန်တိုင်းပြည်ကရှန်တိုင်းပြည်၏မင်းသား ဆက်သခြင်းကိုသဘောတူကြောင်းစာပြန်ပြီး၊ တိုင်းပြည်ပိုမိုတိုးတက်အောင် လမ်းပန်းဆက်သွယ်ရေးတွေ ကုန်ပစ္စည်းဆက်သွယ်ရေးတွေ ပိုပြီးထွန်းကားအောင်ပူး‌ေပါင်းလုပ်ဆောင်ပေးဖို့သဘောတူညီချက်ထပ်တောင်းသည်။ ရှန်တိုင်းပြည်ဘက်ကလဲလက်ခံခဲ့၏။

နောက်တစ်လအကြာမှာ ရှန်တိုင်းပြည်ကမင်းသားဟာ ယန်တိုင်းပြည်ကို ရောက်ရှိလာခဲ့တယ်။ နန်းတွင်းထဲကလူတိုင်းထွက်ကြိုကြသည်။ တိုင်းပြည်ကြီးကမင်းသားတစ်ပါးဖြစ်တာမို့ တလေးတစားဆက်ဆံကြသည်။ မပြောနိုင်ဘူး ရှန်မင်းသားကသူတို့ကိုထောက်ပံ့ပေးရင် သူတို့ရာထူးပိုတက်နိုင်တယ်လေ။

လူတိုင်းဟာ ဝေါယာဉ်ပေါ်ကဆင်းလာတဲ့ ရှန်မင်းသားကြောင့် ပါးစပ်တို့အဟောင်းသား၊ မင်းသားတစ်ပါးဖြစ်တာမို့ မင်းသားတစ်ပါးနဲ့အညီဖြစ်နေမယ်ထင်တာ တကယ်တော့ ရှန်မင်းသားဟာအလှလေးဖြစ်‌ေနသည်။ သူတို့တိုင်းပြည်ရဲ့ဧကရီကအေးချမ်းပြီးတည်ငြိမ်တဲ့အလှဆို ရှန်မင်းသားက သေးသေးသွယ်သွယ်နဲ့ ဆွဲဆောင်မှုရှိပြီးငြုိ့အားပြင်းလွန်းတဲ့အလှကိုပိုင်ဆိုင်ထားသည်။ လူတိုင်းအတွေးထဲမှာ ဝမ်ဧကရာဇ်ဖြစ်ချင်စိတ်တို့အတိုင်းသား၊ သို့သော် အဲအတွေးကကြာကြာမဝင်လိုက်ပါဘူး။ သူတို့ဧကရာဇ်လောက် သူတို့ကဩဇာအာဏာနဲ့မှ မပြည့်စုံပဲ။

ရှန်မင်းသားက အမတ်တွေကိုနှုတ်ဆက်ပြီးတဲ့ချိန်မှာ နဂါးနန်းဆောင်မှာစောင့်နေမယ့် ဝမ်အရှင်ဆီကိုသွားလိုက်သည်။

ရိပေါ် ရှောင်းကျန့်ကိုပေါင်ပေါ်တင်ထားပြီး အတင်းလိုက်နမ်းကာစနောက်ကျီစယ်နေတဲ့အချိန် အပြင်ကအထိန်းတော်ရဲ့အသံကိုကြားလိုက်သည်။

"ဧကရာဇ်နဲ့ဧကရီ ရှန်မင်းသားရောက်ရှိနေကြောင်းပါ!"

ဧကရီဆိုတဲ့အသံကြောင့် ရှန်မင်းသားမျက်နှာကတင်းသွားတယ်။ ဟုတ်တာပေါ့၊ ဝမ်အရှင်ကသူ့ဧကရီကိုသိပ်ချစ်တာမလား၊ အဲတော့သေချာပေါက်သူနဲ့မိတ်ဆက်ပေးမှာပေါ့။ မဲ့ပြုံးတစ်ချက်ပြုံးပြီးတာနဲ့ အဆောင်ထဲကိုဝင်လာလိုက်သည်။

My Husband is from a Prohibition BookWhere stories live. Discover now