XVIII

6.8K 611 9
                                    

Unicode

ခြောက်ယောက်သား မြို့ထိပ်ကရေကန်ကြီးဆီသို့ သွားကြသည်။ ရေကန်ထဲတွင် ဆီမီးလေးတွေ‌‌ေမျှာ်‌ေနသည်မှာ လှပစွာ။ ရေကန်နားမှာပဲမီးပုံးလဲလွှတ်ကြသည်မို့ သူတို့အုပ်စုထို‌ေနရာကိုပဲသွားလိုက်ကြသည်။ ရေကန်နားရောက်သည်နှင်ပ လူရှင်းသောနေရာတွင် ခြောက်ယောက်သားနေရာယူလိုက်သည်။ ညလယ်ရောက်တဲ့ချိန်မှာ ပွဲတော်ချိန်စပြီမို့ သူတို့ဝယ်လာတဲ့မီးပုံးလေးတွေကို လွှတ်တင်လိုက်ကြသည်။

ရှောင်းရီနဲ့မင်စီတူတူလွှတ်ကာ ရိပေါ်နဲ့ရှောင်းကျန့် ကျီဟွမ်နဲ့ရှိုးချန်တို့လဲတူတူလွှတ်သည်။ အစကကျီဟွမ်ကတစ်ယောက်ထဲလွှတ်ချင်တယ်ပြောပေမယ့် ရှိုးချန်ကတူတူလွှတ်မယ်ဟု အတင်းပြောနေတာကြောင့် တူတူ‌လွှတ်ဖြစ်သွားကြသည်။ မီးပုံးတွေလွှတ်တင်ပြီးတဲ့ချိန်မှာ ကိုယ်စီကသူတို့လက်လေးနှစ်ဖက်ကိုယှက်ကာ ‌ဆုတောင်းခြင်းအမှုကိုပြုသည်။

ရှောင်းကျန့်က *အရှင်အစစအရာရာအဆင်ပြေပြီးပျော်‌ရွှင်စွာနေထိုင်နိုင်ပါစေ* လို့ဆုတောင်းခဲ့ပြီး၊ ရိပေါ်က *ကျန့်ငယ်နဲ့ထာဝရလက်တွဲသွားချင်တယ်* လို့ဆုတောင်းခဲ့တယ်။

ဆီမီးတွေကုိလဲရေ‌မှာမျှော်မှာမို့ ခြောက်ယောက်လုံး ကြာပန်းပုံစံဆီမီးခွက်လေးထဲကမီးစာကိုမီးရှို့ပြီး ရေ‌ေပါ်မျှောလိုက်ကြသည်။ အကုန်ပြီးသွားတော့ ပျော်နေတဲ့ရှောင်းကျန့်ကိုကြည့်ရင်းရိပေါ်ကပြုံးလို့ သူတို့ဘေးတွင်လည်း ကျီဟွမ်အားရှိုးချန်ကမုန့်တစ်ခုကိုအိတ်ထဲကထုတ်ပေးပြီးကျွေးနေသည်။ ရှောင်းရီကတော့ မင်စီရဲ့လက်ကိုဆွဲ၍ထွက်သွားသည်။

ဒီနေ့ ရှောင်းရီကချောင်မင်စီကိုအဖြေပြန်ပေးမယ်လို့ စဉ်းစားထားတယ်။ ရှောင်းရီတို့ ရေကန်အနီးကသစ်ပင်တစ်ပင်အောက်တွင်ရပ်လိုက်ကာ

"အကို ရီ့ကိုဘယ်လိုမြင်လဲ ရီ့အကြောင်းသေချာ‌သိလား "

"ဟင် သိမှဖြစ်မှာလား"

"အင်း အကိုရီ့အကြောင်းဘယ်လောက်သိလဲ"

"နည်းနည်းပေါ့"

"အင်း အဲနည်းနည်းကိုပြောပြ"

"ရီကချစ်ဖို့ကောင်းတယ် စိတ်ထားကောင်းတယ် အပြစ်ကင်းတယ် ဂုဏ်တွေပကာသနတွေမ‌မက်မောဘူး လွတ်လပ်တာကိုသဘောကျတယ်"

My Husband is from a Prohibition BookWhere stories live. Discover now