XXXIV

5K 427 0
                                    

Unicode

ရှောင်းကျန့် ရိပေါ်ဘေးမှာထိုင်နေစဉ် အဆောင်ထဲကိုမင်စီဝင်လာသည်။

"မင်စီ ဘာဖြစ်လို့လဲ"

"ဧကရီ မိဖုရားလျန် အပြင်ထွက်သွားပါပြီ"

"ဟုတ်ပြီ ဟွမ်ဟွမ်တို့ကိုသွားပြောထားလား"

"ဟုတ်ကဲ့ ကျွန်တော့်ရဲ့လူယုံကိုလွှတ်ပြီးပြောခိုင်းထားပါတယ်"

"မင်စီ ယွမ်မေသေသွားတဲ့နေရာကိုတစ်ချက်ပြန်သွားစစ်ဆေးပေးပါဦး"

"ဟုတ်ကဲ့ ကျွန်တော်ခုပဲသွားလိုက်ပါ့မယ်
ဧကရာဇ်ရဲ့အခြေအနေက"

"ကောင်းပါတယ် အရှင်ကမျက်ရည်တွေကျနေတယ်"

"ဟုတ်ကဲ့ ဒါဆိုကျွန်တော်သွားလိုက်ပါဦးမယ်"

ရှောင်းကျန့်ခေါင်းငြိမ့်ပြလိုက်တာနဲ့ မင်စီကအရိုအသေပေးပြီးထွက်သွားသည်။ ရှောင်းကျန့်ရိပေါ်ရဲ့လက်လေးကိုပြန်ကိုင်ထားပြီး ပါးမှာအပ်လိုက်သည်။

"အရှင် အရမ်းလွမ်းတယ်"

ရှောင်းကျန့်ရိပေါ်ကိုဖက်ရင်းအိပ်ပျော်သွားတဲ့အချိန်တွင်

"ကျန့်ငယ်"

ရှောင်းကျန့်အနောက်ဘက်ကခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့

"အရှင်"

ရှောင်းကျန့်ပြေးဖက်ပေမယ့် ရိပေါ်ကထိုနေရာမှပျောက်သွားပြီးတခြားနေရာ‌ကိုပြောင်းသွားသည်။

"အ.. အရှင် ဘာလို့"

ရိပေါ်ကပြုံးပြနေရင်း ပါးစပ်လှုပ်ရုံလေးပြောပြီးပျောက်သွားသည်။ ရှောင်းကျန့်အိမ်မက်ကလန့်နိုးလာတဲ့အချိန်ရိပေါ်ပြောသွားတဲ့စကားကိုအကျယ်ကြီးကြားနေရပြီး ပဲ့တင်ထပ်နေသည်။ ရိပေါ်ပြောသွားတာ *ကျန့်ငယ်ကိုအရမ်းလွမ်းတယ်* တဲ့။ ရှောင်းကျန့်မျက်ရည်တွေကျရင်း ပြုံးလိုက်မိပါတယ်။ ဘေးက‌ေမ့‌ေမျာ‌ေနတဲ့ရိပေါ်ကိုကြည့်လိုက်ပြီး ရိပေါ်ရဲ့ပါးလေးကုိကိုင်လိုက်ပြီး

"ချစ်တယ်"

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

မင်စီ ထိုအဆောင်ပျက်ကြီးထဲကို လျောက်ကြည့်နေတာ ခနခနရှိပြီ၊ ဘာမှမရှိနေဘူး။ အေးပေါ့ တစ်နှစ်လောက်တောင်ကြာနေပြီကို၊ ဒီမှာဘာရှိတော့မှာလဲ။ ရုတ်တရက်မင်စီတွေးမိတာ ဓား၊ သူကြားတာ လူတွေမြင်သွားတဲ့ချိန်မှာ ကိုင်ထားတဲ့ဓား၊ အဲဓားကိုပြန်သွားကြည့်ရင် နည်းနည်းတော့သဲလွန်စရမယ်ထင်တယ်။ ဘာလို့ဆို ယန်တိုင်းပြည်ကဓားတွေက မင်စီရဲ့ခွင့်ပြုချက်နဲ့ထုတ်ရတာ။ အဲတော့ မင်စီဓား‌ေတွကုိခွဲခြားသိနိုင်သည်။

My Husband is from a Prohibition BookWhere stories live. Discover now