VII

8.7K 958 3
                                    

Unicode

အကုန်လုံးသောက်စားနေကြချိန်တွင် ဝမ်ဧကရာဇ်ဆီကတည်ကြည်ပြီးမာန်အပြည့်ပါသော စကားသံများထွက်လာ၏။

"ငါကိုယ်တော်ပြောချင်တာက ကြင်ယာတော်ရှောင်းကိုလက်မဆက်ရသေးခင်မှာပဲ ဂုဏ်ပြုပွဲတော်ကိုကျင်းပလိုက်ရတယ်။
အကြောင်းကမိဖုရားခေါင်ကြီးက ကြင်ယာတော်ရှောင်းရဲ့အကဖျော်ဖြေမှုကို ကြည့်ချင်တယ်ဆိုတာကြောင့် ကိုယ်တော်ကဒီလိုစီစဉ်လိုက်ပေမယ့် အကြောင်းကြောင်းကြောင့်ကြင်ယာတော်ရှောင်းကမကနိုင်တော့ပဲ သူ့ရဲ့အကိုတော်ဖြစ်တဲ့ရှောင်းကျန့်ကဖျော်ဖြေပေးခဲ့တယ်။
ကိုယ်တော်ရှောင်းကျန့်ရဲ့ဖျော်ဖြေမှုကိုသဘော‌ေတွ့တာမို့ ‌ဒီနေ့ကစ ရှောင်းကျန့်ကိုတော်ဝင်ကချေသည်အဖြစ် ခန့်အပ်မယ်"

‌ဝမ်ရိပေါ်ရဲ့စကားအဆုံးမှာ ရှောင်းကျန့်စားနေတဲ့မုန့်တောင်‌ နင်သွားတယ်။ ရှောင်းရီကလဲအံ့ဩလို့။ အားရုံနဲ့အားစုက နင်နေတဲ့ရှောင်းကျန့်ရဲ့‌ကျော‌ေလးကို အသာထုပေးပြီးရေတိုက်သည်။ အဆင်ပြေသွားတဲ့အချိန်မှာ ဧကရာဇ်အမိန့်ကုိရှောင်းကျန့်က ဝမ်ဧကရာဇ်အရှေ့တွင်သွားရပ်ကာ အထွန့်တက်ဖို့လုပ်တယ်။

"အရှင် ကျွန်တော်လက်မခံလို့မရပါဘူးလား"

"မရဘူး ကိုယ်ကမင်းကိုတော်ဝင်ကချေသည်ခန့်အပ်တာ
အခြားမှာမင်းဖျော်ဖြေစရာမလိုအောင်"

ရှောင်းကျန့်က ဘယ်မှာမှဖျော်ဖြေမှာမှမဟုတ်တာ။ ဒီဘုရင်ကတော့! ရှောင်းကျန့်ရှောင်းရီကို လှည့်ကြည့်လိုက်တော့ မျက်နှာပျက်နေသည်။ ဝမ်ဧကရာဇ်ကိုပြန်ကြည့်တော့လဲ မျက်နှာကတင်းနေတာကြောင့် အထွန့်မတက်ရဲတော့။

"ကောင်းပါပြီအရှင်"

ရှောင်းကျန့်ကအရိုအသေပေးပြီးထွက်သွားတယ်။ ထွက်သွားတဲ့ကျောပြင်လေးကို သူ့နေရာရောက်တဲ့အထိရိပေါ်လိုက်ကြည့်နေမိသည်။ ရှောင်းကျန့်ကနေရာမှာဝင်ထိုင်လိုက်ပြီးတော့

"ရီလေး ငါတော့တကယ်ရွေးစရာမရှိတော့ဘူးပဲ"

"အင်း ငါစိတ်မကောင်းပါဘူးကိုကိုရယ်"

"ရပါတယ် ငါသွားအိပ်တော့မယ် ခေါင်းမကြည်လို့
နင်လဲဒီပွဲကစောစောထွက်သင့်တယ်"

My Husband is from a Prohibition BookWhere stories live. Discover now