XXIV

5.3K 509 8
                                    

Unicode

နောက်တစ်နေ့ညီလာခံအပြီးတွင် သတင်းတစ်ခုနန်းတွင်းမှာပျံ့နှံ့သွားခဲ့သည်။ အကြောင်းအရာကတော့ တော်ဝင်ကချေသည်ရှောင်းကျန့်ကို ယန်တိုင်းပြည်ရဲ့ဧကရီမြှောက်တော့မယ် ဆိုတဲ့အကြောင်းပေါ့။

ညီလာခံတွင် အစပိုင်းမှာ အမတ်တွေကကန့်ကွက်ကြတယ်။ ယောက်ျားလေးကြင်ယာတော်ရှိတာအကြောင်းမဟုတ်ပေမယ့် ဧကရီကိုတော့ယောက်ျားလေးမဖြစ်စေချင်ကြ။ တိုင်းပြည်ရဲ့အိမ်ရှေ့စံကို ဧကရီကိုပဲမွေးစေချင်ကြတဲ့သူတွေမို့ ယောက်ျားလေးဧကရီကို လက်မခံနိုင်ကြပေ။ သို့သော် ရိပေါ်ကအကုန်လုံးကိုခန့်မှန်းပြီးသားမို့ ဖြေရှင်းဖို့နည်းလမ်းကိုလဲ အဆင်သင့်စဉ်းစားထားခဲ့သည်။

ရိပေါ်က ဧကရီကို သူနှစ်သက်တဲ့သူပဲဖြစ်ရမယ်လို့ အမတ်အားလုံးကိုသတိပေးလိုက်သည်။ ပြီးနောက် 'တကယ်လို့ အမတ်တွေက ရှောင်းကျန့်ကိုသာဧကရီအဖြစ်လက်မခံရင် ကိုယ့်ဘာသာကိုယ်သာဘုရင်တက်လုပ်ကြ ပြီးရင် ကြိုက်တဲ့သူ့ကိုဧကရီခန့်လိုက်' ဆိုပြီးရိပေါ်ဟာဒေါသတကြီးအော်ပြောခဲ့တယ်။ အမတ်တွေကလဲ သူတို့ရဲ့ဧကရာဇ်ကိုနှစ်သက်ကြတဲ့သူတွေ၊ သူတို့ဧကရာဇ်ရဲ့ဒေါသကိုကြောက်ကြတဲ့သူတွေမို့ ထပ်ပြီးမကန့်ကွက်ကြတော့။

မကန့်ကွက်တော့တာနဲ့ ရိပေါ်ကဗေဒင်နက္ခတ်ပညာရှင်ကို နောက်ညီလာခံကြရင် လာဖို့ပြော၍ ညီလာခံသိမ်းလိုက်သည်။

ရိပေါ်ကညီလာခံအပြီးတွင် ရှောင်းကျန့်ရဲ့စံကားဆောင်ကိုဦးစွာလာခဲ့သည်။ ရိပေါ်‌ေရာက်ချိန် ရှောင်းကျန့်ကအဆောင်ထဲမှာရှိမနေပဲ အဆောင်ဝန်းထဲက စံကားပင်အောက်မှာထိုင်ရင်း နင်းဂျင်းကိုပေါင်ပေါ်တင်ပြီး ပွတ်ပေးနေကာ စာအုပ်ကိုစိတ်ဝင်တစားဖတ်နေသည်။ လေပြေလေးတွေကလဲတိုက်ခတ်နေတာကြောင့် ရှောင်းကျန့်ရဲ့တစ်ဝက်ချထားတဲ့ဆံပင်နဲ့ ထုံးထားတဲ့ဆံထုံးကိုချည်ထားတဲ့ကြိုးအရှည်တို့ဟာ လေမှာပြေပြေလေးလွင့်နေ၏။

ရိပေါ်ကရှောင်းကျန့်ကိုကြည့်ရင်းပြုံးကာ အနားကိုလျောက်သွားတော့ ရှောင်းကျန့်ကရိပေါ်ကိုမော့ကြည့်လာသည်။ ရိပေါ်ကိုမြင်တော့ထကာ နင်းဂျင်းကို စားပွဲပေါ်တင်လိုက်ပြီး ရိပေါ်ကိုဖက်ထားလိုက်သည်။

My Husband is from a Prohibition BookWhere stories live. Discover now