II

10.3K 1.1K 22
                                    

Unicode

ရှောင်းကျန့်တဆစ်ဆစ်ထိုးကိုက်နေတဲ့ခေါင်းကိုဖိကိုင်ပြီးထထိုင်လိုက်သည်။

"ငလျင်လှုပ်သွားတာထင်တယ်။ ‌တော်တော်ပြင်းတာပဲ ရီလေးရောအဆင်ပြေရဲ့လားမသိဘူး"

သူ‌ပြောနေတဲ့ချိန်မှာပဲအခန်းထဲကိုဝင်လာတဲ့မိန်းကလေးနှစ်ယောက်။ ရှောင်းကျန့်သူတို့ကိုကြည့်ပြီးထူးဆန်းနေတယ်။ သူတို့ကအရင်ခေတ်ကအဝတ်အစားတွေနဲ့၊ ဘာဖြစ်ကြတာလဲဟ!

"သခင်လေး သတိရပါပြီလား!"

"ဟုတ် ဟုတ်ကဲ့"

သူ့ကိုရှောင်းအိမ်တော်မှာလဲသခင်လေးလို့ပဲခေါ်ကြတာကြောင့် ထူးဆန်းတဲ့အခေါ်အဝေါ်တော့မဟုတ်ခဲ့ပါ။ ဒါမယ့်သူဒီနှစ်ယောက်ကိုမမြင်ဖူးဘူး။ ပြီးတော့သူလဲရှောင်းအိမ်တော်ကိုရောက်နေစရာအကြောင်းမှမရှိတာ။ ရှောင်းကျန့်ခုချိန်ထိအခန်းကိုလဲမကြည့်မိသေး၊ သတိမထားမိတာလဲပါသည်။

"ဒါနဲ့မင်းတို့က ဘာလို့အဲလိုဝတ်ထားတာလဲ ပွဲရှိလို့လား"

"သခင်လေးဘာတွေပြော ကျွန်တော်မျိုးမတို့ကပုံမှန်အဝတ်အစားပဲဝတ်ထားတာပါ"

"ဟမ်!"

ရှောင်းကျန့်အံ့ဩနေချိန်မှာပဲ အခန်းထဲသို့ကျော့ရှင်းစွာဝင်လာတဲ့မိန်းမပျိုလေးနဲ့အနောက်ကမိန်း‌ကလေးနှစ်ယောက်။ ရှောင်းကျန့်ကြည့်လိုက်တော့ ရှောင်းရီပဲ။ ရှောင်းရီကပါရှေးခေတ်အဝတ်အစားကိုဝတ်ထားတာပဲ။ အရင်နဲ့မတူတာရှောင်းရီကတည်တည်ငြိမ်ငြိမ်နဲ့။

"ရီလေး!"

ရှောင်းကျန့်ကခေါ်လိုက်တဲ့အသုံးအနှုန်းကြောင့် ရှောင်းရီအနည်းငယ်အံ့ဩသွားသည်။ သို့သော်ချက်ချင်းရုပ်ကိုပြင်လိုက်ပြီး ပကတိတည်ငြိမ်တဲ့အသွင်ပြန်ဖြစ်သွားသည်။

"အကိုတော်သတိရပြီပေါ့။ ညီမကလာကြည့်တာပါ။ သတိရတာမြင်တော့ဝမ်းသာပါတယ်"

တည်တည်ကြည်ကြည်နဲ့ပြောလာတဲ့ရှောင်းရီကြောင့် ရှောင်းကျန့်တခုခုဖြစ်နေတာသတိထားမိလာတယ်။ ပတ်ဝန်းကျင်ကိုကြည့်တော့ ဒီအခန်းကသူတစ်ခါမှမမြင်ဖူးတဲ့အခန်းပဲ။ ပြောရရင်အခန်းအပြင်အဆင်တွေကအရင်ခေတ်လက်ရာတွေ။ သူမဟုတ်မှ ရှောင်းရီလာဖတ်ခိုင်းတဲ့blဝတ္တုတွေထဲကလိုtime travelများလား!! Time travelရအောင်လဲသူနောက်ဆုံးဖတ်ခဲ့တဲ့စာအုပ်ကသူတို့ရိုးရာခန်းကရိုးရာစာအုပ်ကြီးလားဘာလားမသိတဲ့စာအုပ်လေ၊ ပြီးတော့ဖတ်တောင်မဖတ်ရသေးဘူး။

My Husband is from a Prohibition BookWhere stories live. Discover now