IV

9.6K 1K 15
                                    

Unicode

"ကိုကို နောက်နှစ်ရက်နေရင် ငါဘုရင့်ကြင်ယာတော်အဖြစ်နန်းတွင်းထဲသွားရတော့မယ်"

ရှောင်းကျန့်လက်ထဲကစာအုပ်လေးလွတ်ကျသွားတယ်။ သူမေ့နေခဲ့တာ၊ ပြောရရင်အရင်ရှောင်းရီပဲထင်ပြီးမသိသလိုပဲနေခဲ့တာ။ အခုကသူ့ညီမ၊ မျက်နှာပျက်ပြီးပြောနေတဲ့ရှောင်းရီကြောင့်ရှောင်းကျန့်စိတ်ညစ်သွားပြီ။

"ရီလေးနင်လက်မထပ်ချင်ရင် ဘုရင့်ဆီစာပို့ပြီးငြင်းကြည့်ပါလား။ တခုခုဆိုလဲ ငါနင့်ကိုကာကွယ်မှာပါ"

ရှောင်းရီကမျက်ရည်ဝဲကာပြုံးကြည့်ပြီးပြောလာသည်။

"ရပါတယ် ကိုကိုရယ် အခုမှစရောက်တာငါပြသနာတွေမရှာချင်ပါဘူး။ ဘုရင့်ကြင်ယာတော်ဖြစ်တာပဲ ထိခိုက်တာတော့မရှိပါဘူး"

"ဒါမယ့် နင်လက်မထပ်ချင်ဘူးမလား"

"အင်း ငါချစ်တဲ့သူမှမဟုတ်ပဲ ဘယ်လိုလုပ်လက်ထပ်ချင်မှာလဲ။ ဒါမယ့်ငါငြင်းလို့တော့မရဘူး သူကတိုင်းပြည်ရဲ့ဧကရာဇ်"

ရှောင်းကျန့်ကစိတ်မကောင်းဖြစ်နေတဲ့ပုံ နဲ့ကြည့်လာတော့ ရှောင်းရီကရယ်ပြပြီး

"နင်ငါ့စိတ်မချရင် နင်ပါလိုက်ခဲ့မလား"

"ဟမ်!"

ရှောင်းကျန့်အစကတော့ နန်းတွင်းထဲမသွားချင်၊ သူအိမ်တော်မှာပဲ ဘဝကိုစာအုပ်တွေနဲ့ဖြတ်သမ်းသွားမယ်လို့ တွေးထားပေမယ့် ကံကြမ္မာကအဲလိုဖြစ်စေချင်ပုံမပေါ်။ ဘယ်တတ်နိုင်မလဲ အဲလိုအန္တရယ်များတဲ့နေရာတော့ ရီလေးကိုတစ်ယောက်ထဲမလွှတ်လိုက်နိုင်ဘူး။ ရီလေးကပေါက်ကရလျောက်လုပ်တတ်တာရယ် ဟိုစပ်စပ်သည်စပ်စပ်ရှိတာကြောင့် ဘုရင့်အမြတ်တော်ရှရင် သူ့ညီမခေါင်းပြုတ်လိမ့်မယ်။ သူ့မှာစောင့်ရှောက်ဖို့တာဝန်ရှိတယ်။ သူကအကိုကြီးမလား။

ခေါင်းညိမ့်ပြလိုက်တဲ့ရှောင်းကျန့်ကြောင့် ရှောင်းရီကမျက်လုံးပြူးသွားပြီး ခနနေတော့ထရယ်လာသည်။

"ဟားဟား ကိုကိုရယ် မလိုက်လဲရပါတယ်
ငါကစတာပါ"

"ငါ့ပါခေါ်သွားရီလေး.. ငါနင့်စိတ်မချဘူး ငါလိုက်မှာ"

My Husband is from a Prohibition BookМесто, где живут истории. Откройте их для себя