IX

8.6K 1K 15
                                    

Unicode

မနက်မိုးသောက်ပြီးချိန် ရှောင်းရီအိပ်ယာကနိုးတာနဲ့ ကိုယ်လက်သန့်စင်ကာ ရှောင်းကျန့်စီထွက်လာလိုက်သည်။ ရှောင်းကျန့်ဆီရောက်တော့ 'တရုတ်စံကားပင်အောက်မှာ‌ထိုင်ပြီး စာဖတ်ချင်လို့ သူတို့ကုိဒီမှာပဲနေခိုင်းထားတယ်'ဆိုသော အားရုံရဲ့စကားကြောင့် ရှောင်းရီအားဖေးနဲ့အထိန်း‌ေတာ်ချန်တို့ကိုထားခဲ့ကာ ရှောင်းကျန့်ဆီသွားလိုက်သည်။

သစ်ပင်ကိုမှီပြီးထိုင်ကာ စာအုပ်ဖတ်နေတဲ့ရှောင်းကျန့်ကသူလာတာကိုမသိ။ စ‌နောက်ချင်တာကြောင့် အနောက်ကတိတ်‌တိတ်လေးသွားကာ လန့်အောင်စလိုက်တော့ ရှောင်းကျန့်က‌စာအုပ်တောင်လွတ်ကျသွားကာ တုန်တက်သွားသည်။ ရင်ဘတ်လေးကိုဖိပြီး ငြိမ်နေ‌ေသာ‌ေရှာင်းကျန့်ကြောင့် ရှောင်းရီကဘေးတွင်ထိုင်ချလိုက်ပြီး

"ကိုကို အဆင်ပြေရဲ့လား"

"အင်းအင်း လန့်ပြီးနည်းနည်းမောသွားလို့"

"အရင်ကအဲလိုမဖြစ်ပါဘူး"

"အင်း ငါလဲမသိဘူး။ နင်ကြင်ယာတော်ဖြစ်နေပြီနော်.. အဲလိုကြီးကြမ်းပြင်မှာ ထိုင်ချမနေနဲ့ ထ"

"ဘာဖြစ်လဲ နင်တောင်ထိုင်နေတာပဲ။ ကိုကိုငါပြောစရာတွေရှိတယ်သိလား။ မနက်စာစားပြီးရင် နန်းတွင်းကိုလျောက်ကြည့်ရင်းပြောကြမယ်"

ရှောင်းကျန့်တို့မနက်စာစားပြီးနောက် နန်းတွင်းတစ်ပတ်လျောက်ကြည့်ရန် ထွက်လာကြသည်။ ‌လမ်းလျောက်ပြီး ဟိုကြည့်ဒီကြည့် ကြည့်နေရင်းရှောင်းရီကစကားစတယ်။

"ကိုကို"

"ဟေ"

"ငါနဲ့အရှင်မနေ့ကဘာမှမဖြစ်ခဲ့ဘူး"

"ဟမ်!!"

ရှောင်းကျန့်ကမျက်နှာလေးရဲကာ ရှောင်းရီကိုကြည့်လာတယ်။ ရှောင်းရီကသူ့အကိုလူရိုးကြီးကို ကြည့်ပြီးရယ်ကာ

"ဘာလို့အဲလောက်ဖြစ်နေတာလဲ။
အမှန်တိုင်းပြောရရင် မနေ့ကငါအရမ်းကြောက်ခဲ့တာ။
ဒါမယ့် အရှင်ကတကယ်လူကောင်းပဲ။
ကိုကို နင်အရှင့်ကိုစိတ်မဝင်စားဘူးလား"

My Husband is from a Prohibition BookWhere stories live. Discover now