I

22.3K 1.2K 20
                                    

[Unicode]

"ကိုကို! ထတော့
ထဆိုနေ!"

အိပ်နေတဲ့ရှောင်းကျန့်ကို သူ့ရဲ့ညီမရှောင်းရီကအခန်းထဲဝင်လာပြီးအသဲအသန်နှိုး‌ေနတယ်။ ရှောင်းကျန့်လဲအိပ်ချင်မူးတူးနဲ့ထထိုင်လိုက်တော့ ရှောင်းရီကဘေးကဝင်ထိုင်လာသည်။ ရှောင်းရီထိုင်လိုက်တော့ ရှောင်းကျန့်ကသူ့ညီမပခုံးကိုမှီပြီးမျက်လုံးမှိတ်ထားတော့ ရှောင်းရီကရှောင်းကျန့်မျက်နှာကိုဖက်ခနဲရိုက်လိုက်ပြီး

"ကိုကို ထဟ ငါနင့်ကိုပြစရာရှိလို့!"

ရှောင်းရီနဲ့ရှောင်းကျန့်နဲ့ကနှစ်နှစ်ကွာသည်။ သို့သော်လူကောင်သေးတဲ့ရှောင်းကျန့်ကြောင့်သူတို့နှစ်ယောက်ကိုအမွှာလို့သာလူတိုင်းကထင်မြင်ကြသည်။ ရုပ်ချင်းကလဲအရမ်းဆင်သည်လေ။ သူတို့ကိုယ်တိုင်ကလဲရွယ်တူလိုပြုမူကြတော့ ပတ်ဝန်းကျင်ကိုအထင်မှားစေတာပေါ့။ ရှောင်းကျန့်ကခုမှတက္ကသိုလ်ဒုတိယနှစ်ဖြစ်ပြီး ရှောင်းရီကအထက်တန်းနောက်ဆုံးနှစ်။

သူတို့မှာမိဘတွေမရှိတော့ပေမယ့် သူတို့မိဘထားခဲ့တဲ့စည်းစိမ်တွေနဲ့ဘာမှမလုပ်ပဲထိုင်စား‌ေနလို့တောင်ရသည်။ သူတို့မောင်နှမနှစ်ယောက်လုံးကရှောင်းအိမ်တော်မှာမနေချင်တာကြောင့် မောင်နှမနှစ်ယောက်ထဲ တိုက်ခန်းတစ်ခုမှာနေကြသည်။ သူတို့ရှောင်းအိမ်တော်ကို ပြန်ချင်တဲ့ချိန်မှသာပြန်ကြသည်။ သူတို့ကအထိန်းတော်တွေအိမ်စေတွေနဲ့ရှုပ်ရှက်ခက်ပြီးမနေချင်တာကြောင့် ရှောင်းအိမ်တော်ကိုခနခနသွားဖို့လဲစိတ်ကူးမရှိပါ။

"ဘာလဲ ရီလေးရာ ငါမနေ့ကစာအလုပ်လွန်ပြီး အိပ်တာနောက်ကျလို့ပါဆို"

ရှောင်းရီနဲ့ရှောင်းကျန့်မတူတာ ရှောင်းကျန့်က‌စာသေချာလုပ်တယ်၊ အပြင်ဗဟုသုတစာတွေဖတ်ရတာကြိုက်တယ်၊ တခါတလေရှောင်းရီဖတ်ခိုင်းတဲ့ဝတ္တုတွေဖတ်တယ်။ ရှောင်းရီကတော့စာလုပ်ရမှာအရမ်းပျင်းပြီး သူကဝတ္တုတွေအချစ်အကြောင်းတွေသာစိတ်ဝင်စားသည်၊ သူစိတ်ဝင်စားတာတေ‌ွကလဲသေချာပေါက် ယောက်ျားလေးနှစ်ယောက်ချစ်ခြင်းကိုပဲစိတ်ဝင်စားတာ။ ရှောင်းကျန့်လဲရှောင်းရီဖတ်ခိုင်းတဲ့boy loveဝတ္တုတွေကြောင့် ယောက်ျားလေးနှစ်ယောက်ချစ်တာကိုအပြစ်လို့မမြင်ပဲနားလည်နေပါပြီ။

My Husband is from a Prohibition BookWhere stories live. Discover now