"ငါ ဘယ်မှာကလေးဆန်နေလို့လဲလို့!!"

"ငါပြောတာ သေချာနားထောင်~အကယ်၍ မင်းတို့ ကလေးယူခဲ့ပြီဆိုပါစို့~ ကလေးမွေးပြီး ကလေးရဲ့ ဝေယျာဝစ္စတွေ ဘာညာ အကုန် ပြီးတော့ မင်းက ကျောင်းလည်း ပြီးသေးတာမဟုတ်ဘူး နောက်ပြီး သာမာန်မိန်းမတွေတောင်မှ ကလေးမွေးဖို့ဆိုတာလွယ်တာမဟုတ်ဘူး အခု မင်းက ယောက်ျားလေး နည်းပညာတွေ ဘယ်လောက်ပဲတိုးတက်နေတယ်ပြောပြော ဒီကိစ္စကြီးက အရမ်းအန္တရာယ်များလွန်းတယ်လေ မင်းDaddy ခွင့်မပြုနိုင်တာ မဆန်းပါဘူး~မင်းသာ တစ်ခုခုဖြစ်သွားကြည့် သူဘာဖြစ်သွားမလဲဆိုတာ ခန့်မှန်းလို့တောင်မရနိုင်ဘူး~"

"ဒါပေမယ့်~"

"ဒါပေမယ့်တွေ ဘာတွေ လုပ်မနေနဲ့ အချိန်အများကြီး ရှိပါသေးတယ်ကွာ နောက်မှ မင်းတို့နှစ်ယောက်လုံး ကြည်ဖြူတဲ့ အချိန်ကျမှ ယူလည်း ရတာပဲ ပြီးတော့ မင်းကလည်း ငယ်ငယ်လေးရှိသေးတာကို ဘာလဲ ကလေးက ကလေးထိန်းချင်နေတာလား~"

"အင်း အင်းပါ ငါ သေချာ ပြန်စဉ်းစားကြည့်ပါ့မယ်~"

"အင်း ဒီကိစ္စက ပေါ့သေးသေးကိစ္စမဟုတ်ဘူး သေချာစဉ်းစား~မင်းဘေးနားက ရေဘူး ပေးစမ်းပါကွာ မင်းကို ရှင်းပြရတာ အသက်ထွက်တော့မယ်~"

"ဟား ဟား ရော့ ရော့ ယူ!"

ထိုအခါကျမှ ရယ်ရယ်မောမောပြန်ဖြစ်လာတဲ့ သူ့သူငယ်ချင်းလေးကို ကြည့်ပြီး ဆစ်ဒရစ်လည်း အခုမှပဲ သက်မချနိုင်တော့တယ်~
-
-
-
-
-

"တွမ် ငါ သွားတော့မယ် ကျောင်းဆင်းချိန်နီးနေပြီ မင်းတစ်ခါတည်းလိုက်မလား~"

"အင်း"

ဆိုကာ သူတို့နှစ်ယောက် ကုမ္ပဏီကနေ ကျောင်းဆီသို့~~

ကျောင်းရှေ့ရောက်တော့ ဆစ်ဒရစ်က တွမ်ကို မြင်ပြီး~

"လူကြီး~!"

ဆိုပြီး ဟယ်ရီ့ကို ထားခဲ့ကာ သူ့လူကြီးဆီကို လျောက်သွားတယ်~ဟယ်ရီလည်း ဆစ်ဒရစ်ရဲ့ လူကြီး ဘေးက သူ့Daddy ကိုမြင်တာနဲ့ ဖြေးဖြေးပဲ လျောက်သွားလိုက်တယ်~ဟယ်ရီလည်း သူတို့အနားရောက်တော့ တွမ်မှ~

"ဒရေဂို ဒါဆို ငါတို့ သွားတော့မယ် ဝင်စရာနေရာလေးရှိလို့ ပူတူး လာ"

~DON'T BLAME ME~Where stories live. Discover now