"အင်းပါ အခုတော့ အဲ့ကလေး ကောက်နေတာကို အရင်ချော့ရအုံးမယ် လူကဖြင့် ကလေးစိတ်မပျောက်သေးပဲ ကလေးက ယူချင်သေးတယ်~"

ဒရေဂိုစကားအဆုံး နှစ်ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခပ်ဟဟ ရယ်လိုက်ကြမိတယ်~

~ဟူး ဘာကိုမှ သေချာမတွေးဘဲ တစ်ဇွတ်ထိုးလုပ်ချင်တာ ဘေဘီရာ မင်းက တကယ့်အဆိုးလေးပဲ~
-
-
-
-
-

"ဟယ်ရီ တစ်ခုခုဖြစ်နေရင်လည်း ငါ့ကိုပြောလေ မင်းကြည့်ရတာ မသာမယာနဲ့~"

စာသင်နေရင်းနဲ့ ဘေးနားက အခုထိ မျက်နှာသေနဲ့ နေနေတဲ့ သူငယ်ချင်းလေးကို လက်တို့ပြီးမေးလိုက်တယ်~

"နေ့လည်ကျရင်ပြောပြမယ်ကွာ~"

time skipped~~

"လာ လိုက်ခဲ့"

နေ့လည်ကျောင်းဆင်းဆင်းချင်း သူ့ကို ပုခုံးပုတ်ကာ ပြောတဲ့ ဟယ်ရီ~

"ဘယ်လဲ"

"canteenကိုပေါ့ ဗိုက်ဖြည့်ရင်းပြောပြမယ် လာ မြန်မြန်"

"အော် အေး အေးပါကွာ"

at canteen~

သူတို့နှစ်ယောက် ယူစရာ ရှိတာယူပြီးတော့ ထောင့်ကျတဲ့ စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်တယ်~

"ကယ် ပြောတော့~"

ဆိုကာ ဆစ်ဒရစ် စကားစလိုက်တယ်~

"Daddyလေ ကလေးယူပါမယ်ဆိုတာကို မယူဘူးတဲ့~"

"အေး ဘာ!! ကလေးယူမယ်!! ဟုတ်လား"

"ဆစ်ဒရစ် တိုးတိုးပြောစမ်းကွာ နားညည်းတယ်~"

"အေးပါကွာ ဆောရီး ဆောရီး မင်းကလေးယူတာ လွယ်တယ်များထင်နေတာလား~"

"အဲ့တာဆို မင်းလည်း Daddy ဘက်က ပဲပေါ့~"

"အွန်း"

"အေး ရတယ်လေ"

ဆိုပြီး စားပွဲကနေ ထသွားဖို့လုပ်တဲ့ ဟယ်ရီကို ဆစ်ဒရစ်ပြန် ဆွဲချပြီး~

"နေအုံး ငါပြောတာနားထောင်အုံး~"

"ဘာလဲ ပြော!"

"မင်း ဒီကိစ္စကို အဲ့လို တစ်ဇွတ်ထိုးလုပ်လို့မရဘူးလေကွာ ကလေးယူတဲ့ ကိစ္စဆိုတာ အပြောသာလွယ်တာလေ မင်း ကလေးမဆန်စမ်းပါနဲ့ကွာ~"

~DON'T BLAME ME~Where stories live. Discover now