"တော်ပါကွာ ငါဘာမှ မပြောချင်ဘူး လာ canteen သွားမယ်~"

"အင်း အင်း အင်းပါ"

ဒီလိုနဲ့ ဆစ်ဒရစ်လည်း ဟယ်ရီခေါ်ရာနောက် တစ်ကောက်ကောက် ပါလာခဲ့တယ်~
-
-
-
-
-

"တောက်! မင်းတို့ အလုပ်ကို ဘယ်လို လုပ်နေကြတာလဲ သွား အကုန်သွားပြန်လုပ်~!!"

သူတို့Ceoရဲ့ ဒီလောက်ထိ ဒေါသတကြီး ဖြစ်နေတဲ့ပုံကို တစ်ခါမှ မမြင်ဖူးသေးတဲ့ ဝန်ထမ်းတွေကတော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကြတယ်~

"နောက်ပြီး အခန်းထဲကို ဘယ်သူမှ ဝင်မလာနဲ့လို့ပါ ပြောလိုက် ကြားလား!!"

"ဟုတ် ဟုတ်ကဲ့"

ဆိုကာ ဖိုင်အသီးသီး ယူကာထွက်သွားကြတယ်~ဝန်ထမ်းတွေ ထွက်သွားတော့မှ ဒရေဂို စိတ်ညစ်ညစ်နဲ့ လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်~

~ဟူး~

~ဂျလောက်~

"ဘယ်သူမှ ဝင်မလာနဲ့လို့ ပြောထားတယ်လေ!!"

"ငါပါ~"

"တွမ်"

"အင်း မင်း ဟယ်ရီ နဲ့ ဘာဖြစ်လာလို့လဲ"

"ဘေဘီ အကြောင်း မင်းသိတဲ့အတိုင်းပဲ တစ်ဇွတ်ထိုးလေး~"

"အင်း ငါသိပါတယ် အခုဟာက ဘာကိစ္စမလို့လဲ~"

"ဒီလိုကွာ ငါတို့အိမ်ထောင်သက်တမ်းသုံးနှစ်တောင် ရှိပြီကွာ အခုအချိန်ထိ ဘေဘီက ကလေးအကြောင်း တစ်ခွန်းမှမပြောဖူးဘူး မနက်က အဲ့မှာ မေမေတို့ ဖုန်းဆက်တယ်လေ ဘေဘီ့ကို ဘာတွေပြောလိုက်လဲ မသိပါဘူး ဖုန်းပြောပြီးကတည်းက ကလေးယူမယ်ဆိုတာချည်းပဲ ပြောနေတာ အဲ့တာမနက်က ပြဿနာ နည်းနည်းတက်လာလို့~"

"မင်းကရော မလိုချင်လို့လား"

"ငါလိုချင်တာမလိုချင်တာထက် မင်းစဉ်းစားကြည့်ကွာ ဘေဘီက အခု ကျောင်းလည်းပြီးသေးတာမဟုတ်ဘူး ပြီးတော့ ကိုယ်ဝန်ဆောင်တယ်ဆိုတာကလည်း ဘယ်လောက် အန္တရာယ်များတဲ့ ကိစ္စလဲ ဘေဘီကိုတော့ အဲ့အန္တရာယ်တွင်းထဲ ငါတွန်းမပို့ချင်ဘူး ပြီးတော့ တကယ်လို့များ ဘေဘီ တစ်ခုခုသာ ဖြစ်သွားရင်~~"

"အဲ့လောက်အများကြီးလည်း တွေးမနေပါနဲ့ကွာ ဟယ်ရီ့ကို နည်းနည်း နားချကြည့်ပေါ့ သူက ကလေးအတွေးနဲ့ သေချာမစဉ်းစားမိမှာ အသေအချာပဲ မင်းကပဲ စိတ်ရှည်ရှည်နဲ့ နားလည်အောင် ရှင်းပြလိုက်ပေါ့~"

~DON'T BLAME ME~Where stories live. Discover now