ကားပေါ်ကနေ ဆင်းသွားပြီးတော့ အခန်းထဲဝင်ကာ လော့ခ်ချထားတဲ့ ဘေဘီကို ဒရေဂို အမြုပ်ထွက်မတတ်ချော့နေရပါတယ်~မူချင်အုံးလေ အဲ့မှာ~~
spare key ယူကာ ဖွင့်လိုက်လို့ရပေမယ့်လည်း ထိုသို့လုပ်လျှင် သူ့ဘေဘီလေး ပိုတိုး၍ စိတ်ကောက်သွားမည်စိုး၍ မဖွင့်ရဲ~ထို့အတွက်ကြောင့် အကောင်ပေါက်လေး ကျေနပ်အောင် ချော့ပြီး ပြောနေရသည်~

"ဘေဘီရေ Daddy တောင်းပန်ပါတယ်လို့ နော်~~"

~ဂျလောက်~

15 မိနစ်လောက်နေမှ တံခါး ဖွင့်ပေးသော ဘေဘီ~သူလည်း အခန်းထဲကို ဝင်သွားလိုက်ရင်း~အခန်းတံခါးကို ကျောပေးကာရပ်နေတဲ့ ဘေဘီ့ကို အနောက်ကနေသိုင်းဖက်လိုက်တော့ ရင်ခွင်ထဲ နစ်မြုပ်လာတဲ့ ခန္ဓာကိုယ်သေးသေးလေး~ဒီကိုယ်လုံးလေးနဲ့ ကလေးက မွေးအုံးမယ်~ကိုယ်ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ အဆိုးလေးရဲ့~

အဆိုးလေးဟာ သူဖက်လိုက်တော့ ရုန်းလာတယ်~

"လွှတ် ခင်ဗျားကြီး လွှတ် ဘယ်သူက ဖက်ခိုင်းလို့လဲ~"

"ဘေဘီရေ ငြိမ်ငြိမ်နေလေကွာ မနက်ကလည်း သေချာ မဖက်လိုက်ရဘူး တစ်​​နေ့လုံး လွမ်းနေတာ ဒီကိုယ်လုံးလေးကို~"

"လူကိုကျမလွမ်းဘူးပေါ့~"

"ကိုယ်လုံးပါဆိုမှ လူလည်းပါတာပေါ့လို့ ဘေဘီလေးကလည်း~"

"အင်း~"

ဆိုကာ သူတို့နှစ်ယောက်ကြား အပ်ကျသံတောင် ကြားရလောက်အောင်ကို တိတ်ဆိတ်သွားတယ်~

"Daddy ဘေဘီ တောင်းပန်ပါတယ်"

ဒုတိယံမ္မိ ထပ်ပြောလာတဲ့ တောင်းပန်စကား~ဘေဘီ လေသံ အသွားအလာအရ လေးလေးနက်နက် ပြောနေမှန်း သူသိပါတယ်~

"ဘာကိုလဲ ကလေးလေးရဲ့"

"မနက်က ကိစ္စကိုပါ ဘာမှ သေသေချာချာ မစဉ္းစားဘဲ ပြောခဲ့မိတာတွေကိုပဲပေါ့~"

"အင်း ဘေဘီ နားလည်သွားလို့တော်ပါသေးရဲ့~"

"နောင်ကျရင်တော့ ရတယ်မလား"

"အခြေအနေကြည့်ရအုံးမှာပေါ့ ကိုယ့် ဘေဘီလေး ထွားလာတဲ့အပေါ် မူတည်တာပေါ့~"

~DON'T BLAME ME~Where stories live. Discover now