"တွမ် ငါ သွားတော့မယ် ကျောင်းဆင်းချိန်နီးနေပြီ မင်းတစ်ခါတည်းလိုက်မလား~"

"အင်း"

ဆိုကာ သူတို့နှစ်ယောက် ကုမ္ပဏီကနေ ကျောင်းဆီသို့~~

ကျောင်းရှေ့ရောက်တော့ ဆစ်ဒရစ်က တွမ်ကို မြင်ပြီး~

"လူကြီး~!"

ဆိုပြီး ဟယ်ရီ့ကို ထားခဲ့ကာ သူ့လူကြီးဆီကို လျောက်သွားတယ်~ဟယ်ရီလည်း ဆစ်ဒရစ်ရဲ့ လူကြီး ဘေးက သူ့Daddy ကိုမြင်တာနဲ့ ဖြေးဖြေးပဲ လျောက်သွားလိုက်တယ်~ဟယ်ရီလည်း သူတို့အနားရောက်တော့ တွမ်မှ~

"ဒရေဂို ဒါဆို ငါတို့ သွားတော့မယ် ဝင်စရာနေရာလေးရှိလို့ ပူတူး လာ"

"အင်း"

ဆိုကာ ဆစ်ဒရစ် လက်ကို ဆွဲပြီး ထွက်သွားတဲ့ တွမ်~သူတို့နှစ်ယောက် သွားတော့ ဟယ်ရီလည်း ဘာစကားမှ မပြောဘဲ ကားပေါ်ကိုသာ အသာတက်လိုက်တယ်~ဒရေဂိုလည်း ဒီတိုင်း အိမ်ကိုသာ မောင်းလာခဲ့တော့တယ်~

လမ်းမှာ စကားတစ်ခွန်းမှ မပြောတဲ့ ဘေဘီဟာ အိမ်ရောက်တဲ့အခါမှ စကားစပြောလာတယ်~

"Daddy ဘေဘီ တောင်းပန်ပါတယ်နော်~"

ကြုံတောင့်ကြုံခဲ ဘေဘီလေးက တောင်းပန်စကားအရင် စပြောတော့လည်း ဒရေဂိုတို့ မူရမှာပေါ့နော့~

အဲ့တာနဲ့ ဒရေဂို ဘာမှပြန်မပြောပဲနေလိုက်တော့~လူပု စိတ်တိုလေးက~

"Daddy!! ဘာလဲ Daddy က မနက်က ကိစ္စကြောင့် ဘေဘီကို စကားတောင် မ​ပြောချင်တော့ဘူးပေါ့ ဟုတ်လား ရတယ်လေ ခင်ဗျားကြီးတောင်နေနိုင်သေးတာပဲ ကျတော်က ဘာလို့မနေနိုင်ရမှာလဲ!!"

ဆိုကာ ကားတံခါးကို ဝုန်းကနဲ ဆောင့်ပိတ်ကာ အိမ်ထဲကို ဆောင့်ကြီးအောင့်ကြီး ဝင်သွားလေရဲ့~အဲ့တာနဲ့ ဒရေဂိုလည်း လူပုစိတ်တိုလေးရဲ့ အနောက်ကို ချော့ဖို့ အရေး အလျင်အမြန်သာလိုက်ခဲ့ပါတော့တယ်~

"ဘေဘီရေ ကိုယ်က ဘေဘီကို စချင်လို့လေကွာ စိတ်မဆိုးပါနဲ့တော့ တံခါးလေးတော့ ဖွင့်ပါကွာ မနက်ကလည်း ဒီမျက်နှာလေးကို သေချာမမြင်လိုက်ရတာကို Daddyက လွမ်းနေတာ ကိုယ့်ဘေဘီလေးကို တံခါးဖွင့်ပါကွာ~"

~DON'T BLAME ME~Where stories live. Discover now