"ဆစ်ဒရစ် တိုးတိုးပြောစမ်းကွာ နားညည်းတယ်~"
"အေးပါကွာ ဆောရီး ဆောရီး မင်းကလေးယူတာ လွယ်တယ်များထင်နေတာလား~"
"အဲ့တာဆို မင်းလည်း Daddy ဘက်က ပဲပေါ့~"
"အွန်း"
"အေး ရတယ်လေ"
ဆိုပြီး စားပွဲကနေ ထသွားဖို့လုပ်တဲ့ ဟယ်ရီကို ဆစ်ဒရစ်ပြန် ဆွဲချပြီး~
"နေအုံး ငါပြောတာနားထောင်အုံး~"
"ဘာလဲ ပြော!"
"မင်း ဒီကိစ္စကို အဲ့လို တစ်ဇွတ်ထိုးလုပ်လို့မရဘူးလေကွာ ကလေးယူတဲ့ ကိစ္စဆိုတာ အပြောသာလွယ်တာလေ မင်း ကလေးမဆန်စမ်းပါနဲ့ကွာ~"
"ငါ ဘယ်မှာကလေးဆန်နေလို့လဲလို့!!"
"ငါပြောတာ သေချာနားထောင်~အကယ်၍ မင်းတို့ ကလေးယူခဲ့ပြီဆိုပါစို့~ ကလေးမွေးပြီး ကလေးရဲ့ ဝေယျာဝစ္စတွေ ဘာညာ အကုန် ပြီးတော့ မင်းက ကျောင်းလည်း ပြီးသေးတာမဟုတ်ဘူး နောက်ပြီး သာမာန်မိန်းမတွေတောင်မှ ကလေးမွေးဖို့ဆိုတာလွယ်တာမဟုတ်ဘူး အခု မင်းက ယောက်ျားလေး နည်းပညာတွေ ဘယ်လောက်ပဲတိုးတက်နေတယ်ပြောပြော ဒီကိစ္စကြီးက အရမ်းအန္တရာယ်များလွန်းတယ်လေ မင်းDaddy ခွင့်မပြုနိုင်တာ မဆန်းပါဘူး~မင်းသာ တစ်ခုခုဖြစ်သွားကြည့် သူဘာဖြစ်သွားမလဲဆိုတာ ခန့်မှန်းလို့တောင်မရနိုင်ဘူး~"
"ဒါပေမယ့်~"
"ဒါပေမယ့်တွေ ဘာတွေ လုပ်မနေနဲ့ အချိန်အများကြီး ရှိပါသေးတယ်ကွာ နောက်မှ မင်းတို့နှစ်ယောက်လုံး ကြည်ဖြူတဲ့ အချိန်ကျမှ ယူလည်း ရတာပဲ ပြီးတော့ မင်းကလည်း ငယ်ငယ်လေးရှိသေးတာကို ဘာလဲ ကလေးက ကလေးထိန်းချင်နေတာလား~"
"အင်း အင်းပါ ငါ သေချာ ပြန်စဉ္းစားကြည့်ပါ့မယ်~"
"အင်း ဒီကိစ္စက ပေါ့သေးသေးကိစ္စမဟုတ်ဘူး သေချာစဉ္းစား~မင်းဘေးနားက ရေဘူး ပေးစမ်းပါကွာ မင်းကို ရှင်းပြရတာ အသက်ထွက်တော့မယ်~"
"ဟား ဟား ရော့ ရော့ ယူ!"
ထိုအခါကျမှ ရယ်ရယ်မောမောပြန်ဖြစ်လာတဲ့ သူ့သူငယ်ချင်းလေးကို ကြည့်ပြီး ဆစ်ဒရစ်လည်း အခုမှပဲ သက်မချနိုင်တော့တယ်~
-
-
-
-
-
YOU ARE READING
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
Part-9{U/Z}
Start from the beginning
