"မင်းကရော မလိုချင်လို့လား"

"ငါလိုချင်တာမလိုချင်တာထက် မင်းစဉ္းစားကြည့်ကွာ ဘေဘီက အခု ကျောင်းလည်းပြီးသေးတာမဟုတ်ဘူး ပြီးတော့ ကိုယ်ဝန်ဆောင်တယ်ဆိုတာကလည်း ဘယ်လောက် အန္တရာယ်များတဲ့ ကိစ္စလဲ ဘေဘီကိုတော့ အဲ့အန္တရာယ်တွင်းထဲ ငါတွန်းမပို့ချင်ဘူး ပြီးတော့ တကယ်လို့များ ဘေဘီ တစ်ခုခုသာ ဖြစ်သွားရင်~~"

"အဲ့လောက်အများကြီးလည်း တွေးမနေပါနဲ့ကွာ ဟယ်ရီ့ကို နည်းနည်း နားချကြည့်ပေါ့ သူက ကလေးအတွေးနဲ့ သေချာမစဉ္းစားမိမှာ အသေအချာပဲ မင်းကပဲ စိတ်ရှည်ရှည်နဲ့ နားလည်အောင် ရှင်းပြလိုက်ပေါ့~"

"အင်းပါ အခုတော့ အဲ့ကလေး ကောက်နေတာကို အရင်ချော့ရအုံးမယ် လူကဖြင့် ကလေးစိတ်မပျောက်သေးပဲ ကလေးက ယူချင်သေးတယ်~"

ဒရေဂိုစကားအဆုံး နှစ်ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခပ်ဟဟ ရယ်လိုက်ကြမိတယ်~

~ဟူး ဘာကိုမှ သေချာမတွေးဘဲ တစ်ဇွတ်ထိုးလုပ်ချင်တာ ဘေဘီရာ မင်းက တကယ့်အဆိုးလေးပဲ~
-
-
-
-
-

"ဟယ်ရီ တစ်ခုခုဖြစ်နေရင်လည်း ငါ့ကိုပြောလေ မင်းကြည့်ရတာ မသာမယာနဲ့~"

စာသင်နေရင်းနဲ့ ဘေးနားက အခုထိ မျက်နှာသေနဲ့ နေနေတဲ့ သူငယ်ချင်းလေးကို လက်တို့ပြီးမေးလိုက်တယ်~

"နေ့လည်ကျရင်ပြောပြမယ်ကွာ~"

time skipped~~

"လာ လိုက်ခဲ့"

နေ့လည်ကျောင်းဆင်းဆင်းချင်း သူ့ကို ပုခုံးပုတ်ကာ ပြောတဲ့ ဟယ်ရီ~

"ဘယ်လဲ"

"canteenကိုပေါ့ ဗိုက်ဖြည့်ရင်းပြောပြမယ် လာ မြန်မြန်"

"အော် အေး အေးပါကွာ"

at canteen~

သူတို့နှစ်ယောက် ယူစရာ ရှိတာယူပြီးတော့ ထောင့်ကျတဲ့ စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်တယ်~

"ကယ် ပြောတော့~"

ဆိုကာ ဆစ်ဒရစ် စကားစလိုက်တယ်~

"Daddyလေ ကလေးယူပါမယ်ဆိုတာကို မယူဘူးတဲ့~"

"အေး ဘာ!! ကလေးယူမယ်!! ဟုတ်လား"

~DON'T BLAME ME~Where stories live. Discover now