"အင်း"

ဆိုကာ ဆစ်ဒရစ် လက်ကို ဆွဲပြီး ထွက်သွားတဲ့ တွမ်~သူတို့နှစ်ယောက် သွားတော့ ဟယ်ရီလည်း ဘာစကားမှ မပြောဘဲ ကားပေါ်ကိုသာ အသာတက်လိုက်တယ်~ဒရေဂိုလည်း ဒီတိုင်း အိမ်ကိုသာ မောင်းလာခဲ့တော့တယ်~

လမ်းမှာ စကားတစ်ခွန်းမှ မပြောတဲ့ ဘေဘီဟာ အိမ်ရောက်တဲ့အခါမှ စကားစပြောလာတယ်~

"Daddy ဘေဘီ တောင်းပန်ပါတယ်နော်~"

ကြုံတောင့်ကြုံခဲ ဘေဘီလေးက တောင်းပန်စကားအရင် စပြောတော့လည်း ဒရေဂိုတို့ မူရမှာပေါ့နော့~

အဲ့တာနဲ့ ဒရေဂို ဘာမြှပန်မပြောပဲနေလိုက်တော့~လူပု စိတ်တိုလေးက~

"Daddy!! ဘာလဲ Daddy က မနက်က ကိစ္စကြောင့် ဘေဘီကို စကားတောင် မ​ပြောချင်တော့ဘူးပေါ့ ဟုတ်လား ရတယ်လေ ခင်ဗျားကြီးတောင်နေနိုင်သေးတာပဲ ကျတော်က ဘာလို့မနေနိုင်ရမှာလဲ!!"

ဆိုကာ ကားတံခါးကို ဝုန်းကနဲ ဆောင့်ပိတ်ကာ အိမ်ထဲကို ဆောင့်ကြီးအောင့်ကြီး ဝင်သွားလေရဲ့~အဲ့တာနဲ့ ဒရေဂိုလည်း လူပုစိတ်တိုလေးရဲ့ အနောက်ကို ချော့ဖို့ အရေး အလျင်အမြန်သာလိုက်ခဲ့ပါတော့တယ်~

"ဘေဘီရေ ကိုယ်က ဘေဘီကို စချင်လို့လေကွာ စိတ်မဆိုးပါနဲ့တော့ တံခါးလေးတော့ ဖွင့်ပါကွာ မနက်ကလည်း ဒီမျက်နှာလေးကို သေချာမမြင်လိုက်ရတာကို Daddyက လွမ်းနေတာ ကိုယ့်ဘေဘီလေးကို တံခါးဖွင့်ပါကွာ~"

ကားပေါ်ကနေ ဆင်းသွားပြီးတော့ အခန်းထဲဝင်ကာ လော့ခ်ချထားတဲ့ ဘေဘီကို ဒရေဂို အမြုပ်ထွက်မတတ်ချော့နေရပါတယ်~မူချင်အုံးလေ အဲ့မှာ~~
spare key ယူကာ ဖွင့်လိုက်လို့ရပေမယ့်လည်း ထိုသို့လုပ်လျှင် သူ့ဘေဘီလေး ပိုတိုး၍ စိတ်ကောက်သွားမည်စိုး၍ မဖွင့်ရဲ~ထို့အတွက်ကြောင့် အကောင်ပေါက်လေး ကျေနပ်အောင် ချော့ပြီး ပြောနေရသည်~

"ဘေဘီရေ Daddy တောင်းပန်ပါတယ်လို့ နော်~~"

~ဂျလောက်~

15 မိနစ်လောက်နေမှ တံခါး ဖွင့်ပေးသော ဘေဘီ~သူလည်း အခန်းထဲကို ဝင်သွားလိုက်ရင်း~အခန်းတံခါးကို ကျောပေးကာရပ်နေတဲ့ ဘေဘီ့ကို အနောက်ကနေသိုင်းဖက်လိုက်တော့ ရင်ခွင်ထဲ နစ်မြုပ်လာတဲ့ ခန္ဓာကိုယ်သေးသေးလေး~ဒီကိုယ်လုံးလေးနဲ့ ကလေးက မွေးအုံးမယ်~ကိုယ်ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ အဆိုးလေးရဲ့~

အဆိုးလေးဟာ သူဖက်လိုက်တော့ ရုန်းလာတယ်~

"လွှတ် ခင်ဗျားကြီး လွှတ် ဘယ်သူက ဖက်ခိုင်းလို့လဲ~"

"ဘေဘီရေ ငြိမ်ငြိမ်နေလေကွာ မနက်ကလည်း သေချာ မဖက်လိုက်ရဘူး တစ်​​နေ့လုံး လွမ်းနေတာ ဒီကိုယ်လုံးလေးကို~"

"လူကိုကျမလွမ်းဘူးပေါ့~"

"ကိုယ်လုံးပါဆိုမှ လူလည်းပါတာပေါ့လို့ ဘေဘီလေးကလည်း~"

"အင်း~"

ဆိုကာ သူတို့နှစ်ယောက်ကြား အပ်ကျသံတောင် ကြားရလောက်အောင်ကို တိတ်ဆိတ်သွားတယ်~

"Daddy ဘေဘီ တောင်းပန်ပါတယ်"

ဒုတိယံမ္မိ ထပ်ပြောလာတဲ့ တောင်းပန်စကား~ဘေဘီ လေသံ အသွားအလာအရ လေးလေးနက်နက် ပြောနေမှန်း သူသိပါတယ်~

"ဘာကိုလဲ ကလေးလေးရဲ့"

"မနက်က ကိစ္စကိုပါ ဘာမှ သေသေချာချာ မစဉ်းစားဘဲ ပြောခဲ့မိတာတွေကိုပဲပေါ့~"

"အင်း ဘေဘီ နားလည်သွားလို့တော်ပါသေးရဲ့~"

"နောင်ကျရင်တော့ ရတယ်မလား"

"အခြေအနေကြည့်ရအုံးမှာပေါ့ ကိုယ့် ဘေဘီလေး ထွားလာတဲ့အပေါ် မူတည်တာပေါ့~"

သူစကားဆုံးတော့ တစ်ခစ်ခစ်ရယ်လာတဲ့ ကလေးငယ်~

"ဒါနဲ့ Daddy~"

"အင်း ပြော~"

"တကယ်လို့ ကလေးလေး ရှိလာခဲ့ရင် Daddy ပျော်မှာလား~"

"ကိုယ် မပျော်စရာ ဘာအကြောင်းရှိလို့လဲ~"

"ကျောင်းပြီးရင် ကျတော်ကိုယ်တိုင် မွေးပေးမယ် သိလား~"

"အွန်း ကိုယ်ပြောပြီးသားလေ မင်းလေး ထွားလာရင်တော့ ခွင့်ပြုပေးမယ်~"

"အဲ့တာဆို အစားတွေအများကြီးစားမှာပေါ့လို့ ဟီးဟီး~"

သူ့စကားကို သူသဘောကျကာ တစ်ခစ်ခစ်ရယ်နေသော ကလေးငယ်~သူလည်း မြင်နေရတဲ့ ဂုတ်ပိုးလေးကို တစ်ချက်နမ်းလိုက်ရင်း~

~ဘေဘီ မင်းလေး အခုလို ပြုံးနေတာလေး မြင်ရဖို့အတွက်ဆို ကိုယ်ဘာမဆို လုပ်ရဲတယ်သိလား~မင်းက ကိုယ့်ဘဝရဲ့ အရေးကြီးပါတယ်ဆိုတဲ့ အရာတွေထက်တောင် ပိုပြီး အရေးကြီးတဲ့တစ်ဉီးတည်းသော လူသားလေး~

တစ်ခါတစ်ရံ အဆင်မပြေမှုတွေရှိပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ကြား တည်ဆောက်ထားတဲ့ နားလည်မှုတွေ ခိုင်မြဲတဲ့ ကြိုးလေးတွေ ရှိနေသ၍ ဒီ အချစ်ဟာ တည်မြဲနေမှာပါ~~
.
.
.
.
.
.
~~~~~~~~~~~~~~~~~
ဖတ်လို့ အဆင်မပြေရင် ပြောကြနော်~~

ဖိဘတ်လေးတွေ မျှော်နေပါတယ်လို့~~

Luv u all🥰😘

#Thinn🐷






~DON'T BLAME ME~Where stories live. Discover now