ADDICTED - 22

4.8K 644 305
                                    

(Unicode)

PRESENT

JUNG KOOK's SIDE

//"မင်းကို မုန်းလိုက်တာ Jeon Jung Kook.....မင်းကို....မင်းကို သိပ်မုန်းတယ်.....ရွံလည်း ရွံတယ်။"

"ဒီပွဲကို စ ခဲ့တာက ခင်ဗျားလေ။ ခင်ဗျားက အခုမှ အသံကောင်း
ဟစ်ပြီး dramaလာခင်းနေတယ်တဲ့လား။ ကျုပ်ကို မုန်းတယ်ဟုတ်လား????? ကျုပ်က ခင်ဗျားကို အဆ၁ရာပိုမုန်းတယ်။"//

Jung Kookပန်းခြံထဲ ထွက်လာရင်း ဘာရယ်မဟုတ်။ သူတို့ပြန်တွေ့တုန်းက ပြောခဲ့ကြသည့် စကားတစ်ခွန်းက သူ့ခေါင်းထဲ ဝင်လာသည်။

အဆ တစ်ရာ ပိုမုန်းပါသည်။ ဒါပေမဲ့....အဆ တစ်ထောင်ပိုချစ်ခဲ့ရတာကို အကြင်သူက သိမည်မထင်။ မသိအောင်လည်း သူပဲစီရင်ခဲ့ရသည့် ကံကြမ္မာမဟုတ်ပါလား။

အရာအားလုံး၏ အမှားတွေသည် မည်သည့်နေရာမျှ စတင်ခဲ့ပါသနည်း။
ထိုနေ့ ပြန်တွေ့ကြတုန်းက အပြင်မှာ မိထွေးဖြစ်သူက အသံဖမ်းစက်ဖြင့် နားထောင်နေတာကြောင့် ရင်နာနာပြောခဲ့ရသည့် စကားလုံးတွေမှလား??? မဟုတ်သေး...သူများကိုအပြစ်ဖို့ဖို့မသင့်။ သူကိုယ်တိုင်လည်း စိတ်လိုက်မာန်ပါ ပြောခဲ့မိတာမဟုတ်လား။ သူက ဒီဘက်ကမ္ဘာမှာ ကမ္ဘာပျက်နေသည့်အချိန် ချစ်သောက တစ်ဖက်ကမ္ဘာမှာ မိသားစုလေးနှင့်‌ပျော်နေတာကို တွေးမိခဲ့လို့လေ။

ဘာပဲပြောပြော ထိုအချိန်မှစ၍ ကိုကိုဟာ သူ့ကို ပိုမုန်းသွားခဲ့သည်က‌တော့ အမှန်။

ခြံထဲ ဆင်းလာကာ နားနေရာ အဆောင်ငယ်လေးရှိ ကြိုးပုခက်ထဲ ထိုင်လိုက်ကာ ခဏမျှ လှဲအိပ်နေလိုက်သည်။ ပင်ပန်းစရာလောကကြီးက သူ့အတွက် ပိုလို့တောင် နေချင်စရာမကောင်း။

*Ti....* *Ti....* *Ti...*

ဖုန်းမြည်လာတာကြောင့် ကောက်ကိုင်လိုက်တော့ Yoon Gi Hyungဆီမှ..

"အင်း...Hyungပြော.."

"Jung Kook..အခု နောက်ဆုံး အခြေအနေအရဆို မင်း ရဲ့ ရည်မှန်းချက်ဆီ အချိန်နည်းနည်း ပိုတိုတိုနဲ့ ရောက်မယ်ထင်တယ်။"

"ဘာကိုလဲ Hyung..."

"အခုပဲ ငါ Serendipityရဲ့ Board Meetingကနေ ပြန်လာခဲ့တာ။ အရင်တုန်းက ပုံစံဆို နှစ်ကုန်ပိုင်းမှာမှ Share အရောင်းအဝယ်ရှိမှာ မဟုတ်လား။"

ADDICTED ||COMPLETED||Où les histoires vivent. Découvrez maintenant