ADDICTED - 12

4.7K 614 268
                                    

(Unicode)

JUNG KOOK's SIDE

စာကြည့်ခန်းထဲ ဝင်လာလိုက်ကာ ဖုန်းကိုထုတ်၍ ဖုန်းနံပါတ်တစ်ခုကို ကောက်ဆက်လိုက်တော့ သိပ်မကြာခင်မှာပဲ တစ်ဖက်မှ ဖုန်းဝင်သွားသည်။

"အင်း...Jin Hyung.."

"ပြောလေ JungKook..."

"Hyung....Jeon Jiminကို ‌လိမ်းဆေးပဲ ပေးလို့မရဘူးလား။"

"ဟမ်...သောက်ဆေးနဲ့မှ ပိုအဆင်ပြေပြီး မြန်မှာပေါ့ Jung Kookရဲ့။ ပြီးတော့..နောက်၂ရက် ၃ရက်လောက်‌နေရင် မင်းအဖေရဲ့ နှစ်ပတ်လည်ကလည်းရှိသေးတယ်မဟုတ်လား။ ဘာလို့လဲ။"

"Hyungပေးလိုက်တဲ့ ဆေးတွေက အချိန်မှန်မှန် မသောက်ရင် Allergyထ တတ်တယ်လေ။ Jeon Jimin...ဒီလူကလည်း သိတဲ့အတိုင်း...ကျစ်...အခုပဲ ရန်ဖြစ်လာပြီးပြီ။ ဆေးသေချာမသောက်လို့ ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ ရိုက်ချပြီး ဆေးတွေအကုန် လွှင့်ပစ်ခဲ့တယ်။"

"ဟောဗျာ....Ya!! Jeon Jung Kook!!! မင်းလင်ကို စိတ်ပူတိုင်း လုပ်ချင်သလိုလုပ်မနေနဲ့လေ!!! အဲ့ဆေးတွေက ဘယ်လောက် ဈေးကြီးတယ်မှတ်လဲ!! အချိန်မှန်မသောက်ရင် Allergyထတယ်ဆိုတာကလည်း ခဏခဏ ဖြစ်မှပါ!! တစ်ခါတစ်လေတည်းနဲ့ မသေဘူး! အဲ့တာကြောင့် ဂရုစိုက်ပါဆိုတော့လည်း အရိုးများသလေး ချေးခါးသလေးနဲ့!! ပြီးတော့ အခုမှ လာအဖြစ်သည်းပြ!! မပေးဘူး ငါ လိမ်းဆေးတွေ ထပ်မပေးနိုင်ဘူး! သွား...သောက်ဆေးကိုပဲ သောက်ခိုင်း။ လွှင့်ပစ်လိုက်ရင် ငါ့အိမ်လာယူ။ အသစ်ထပ်‌ထည့်ပေးမယ်!"

"ဟ...Hyung...အဲ့လူက ဆေးကို အချိန်မှန်မှန်မသောက်ဘူးလို့! မတော် Allergyထပ်ဖြစ်ရင်-- ကျစ်....သူ့မှာ နဂိုကတည်းက Allergyရှိတာ Hyungလည်း သိသားနဲ့!!"

"သူ အချိန်မှန်မှန် မသောက်ရင် မင်းတိုက်ပေါ့။ မင်း အားယားနေတာပဲ။"

"မလုပ်တတ်ဘူး..။ မသိဘူး...။"

"ဘာကိုမလုပ်တတ်တာဘဲ။ ငါအခုကိုင်ထားတဲ့ ဒယ်ပြားကို မင်းအိမ်ကို ပို့လိုက်ရ။ ပြန်ပေးလည်းဆွဲတတ်တယ်၊ ခြိမ်း‌လည်းခြိမ်းခြောက်တတ်တယ်။ အိပ်ယာပေါ်တောင်ခေါ်တင်ပြီး အတူတူတောင်နေထားပြီပဲ မလုပ်တတ်စရာမရှိဘူး။ မင်းလင်လေ! မင်း ဂရုစိုက်ပေါ့။"

ADDICTED ||COMPLETED||Where stories live. Discover now