ADDICTED - 6

5.4K 634 161
                                    

(Unicode)

FLASH BACK

JIMIN's SIDE

Jimin အသက် ၂၇နှစ် Jung Kook တစ်ယောက် ၂၅နှစ်မှာလက်ထပ်ဖြစ်ခဲ့ကြတော့ သိပ်ကို လှသည့် ဘာလီမှာ။ လူကြီးမိဘတွေက ကန့်ကွက်ကြပေမဲ့ ခေါင်းမာလွန်းသည့် Jung Kookက ရ အောင်ရှေ့တိုးခဲ့သည်။ နောက်ဆုံးတော့ မတတ်သာသည့်အဆုံး လက်ခံခဲ့ရပေမဲ့ မင်္ဂလာပွဲကိုတော့ တက်ရောက်ခြင်းမပြုခဲ့။ မိဘတွေနဲ့ အဆင်ပြေအောင် ညှိယူဖို့ Jimin က အတန်တန်နားချပေမဲ့ မထူးခြားနားခဲ့။

ငယ်ပေမဲ့ ဦးဆောင်နိုင်စွမ်းရှိပြီး သဝန်တိုတတ်တာရယ်၊ ဒေါသကိုမထိန်းနိုင်တာရယ်ကလွဲပြီး သူ့အပေါ်ကို သိပ်ကို ဦးစားပေး ငဲ့ညှာလွန်းသည့် Jung Kookကို Jimin ယုံကြည်ကိုးစားမိတာတော့ မှန်ခဲ့သည်။ ထို့အပြင် Jeon Euphoriaက ဖြစ်နေသည့်အခါ သူ့မိဘတွေ၏ နောက်ကြောင်းကို စုံစမ်းဖို့လည်း ပိုက်ဆံသုံးနိုင်တာမို့ လွယ်ကူ‌သည်လေ။

ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှက်နေသည့် သူတို့အိမ်ထောင်ရေးက ယောက်ျားလေးနှစ်ယောက်လက်တွဲတာဖြစ်ပေမဲ့ ပျော်ရွှင်ခြင်းအပေါင်းခညောင်းနေခဲ့သည်။ ခမ်းနားကြီးကျယ်သည့် အိမ်တော်ကြီးထဲမှာ အလုပ်သမားများများစားစားမရှိဘဲ လူယုံ Dong Wook Hyungနှင့် Gong Yoo Hyung ရယ် မိသားစုဝင်တွေလို ဖြစ်နေသည့် Golden Retrieverခွေးကြီးနှစ်ကောင်ရယ်ဖြင့် ရယ်မောသံတို့ဖြင့်လည်း စိုပြည်ခဲ့ဖူးသည်။

တစ်ဖက်မှာလည်း Jung Kookရဲ့ အကူအညီဖြင့် Jiminမှတ်မိသလောက် အတိတ်ကို ပြန်တူးဖော်ပြီး သူ့မိဘတွေရဲ့ နာကျင်စရာဇာတ်သိမ်းကို ပြန်ဖော်ထုတ်ဖို့ကြိုးစားသည်။ Jung Kookက Jeon Euphoriaက ဆိုသည်ကို သိလာသည့်နောက်ပိုင်း သူ ပိုပြီး စိတ်ဓာတ်တက်ကြွလာခဲ့သည်။ ဘာလို့ဆို ဒီနိုင်ငံမှာက ငွေရှိမှ လူရာဝင်မည်မို့ Jung Kook က Elite အလွှာက ဖြစ်နေသည့်အခါ သူ့အမှုရဲ့ နောက်ကွယ်က လူဟာ ဘယ်လောက်ထိ တတ်နိုင်စေဦးတော့ Jung Kookတို့လောက်တော့ တတ်စွမ်းနိုင်မည်မဟုတ်။ ဒါကို Jiminယုံသည်။ ထို့ကြောင့် စိတ်ပိုဖိကာ ပိုကြိုးစားခဲ့သည်။

တကယ်တော့ Jung Kookကို Jiminတွဲခဲ့ခြင်းက ဒီကောင်လေး၏ သူမတူသည့် စိတ်‌ဓာတ်ကြောင့် ဒီတိုင်းတွဲကြည့်ခဲ့ခြင်းပင်။ ချစ်တာတွေ ညစ်တာတွေ သူ စိတ်မဝင်စားပေမဲ့ တွဲလာသည့် နှစ်တွေအတွင်းမှာ ဒီကောင်လေးမှာ Planတွေ သေချာရှိပြီး လေးနက်တည်ကြည်တာကို မြင်လာသည်။ Jiminကို ဘယ်လောက်ထိ သဘောကျပြီး မြတ်နိုးသည်ဆိုသည်ကိုလည်း နားလည်လာသည်။ ၂နှစ်ခန့်တွဲပြီး ခံစားချက်တွေက ပိုပြီးတည်ငြိမ်ကာ နူးညံ့လာသည်။ အဲ့အချိန်မှာပဲ Jimin သိလိုက်ရသည့်အရာက Jung Kookက Jeon Euphoria၏ အမွေဆက်ခံသူဟူ၍...

ADDICTED ||COMPLETED||Where stories live. Discover now