ADDICTED - 15

4.9K 619 307
                                    

(Unicode)

JIMIN's SIDE

"အင်း...အကုန်လုံးလေ။ လွတ်လွတ်လပ်လပ်ခရီးထွက်ကြည့်မလို့။ ခင်ဗျားသာ အခုတစ်လော လိမ်လိမ်မာမာနေ။ ခင်ဗျားသားနဲ့ ပြန်တွေ့ရမှာ။"

ဒါဆို သေချာပေါက် သားသားနဲ့ ပြန်တွေ့ရတော့မှာပေါ့။ မနေ့က အချိန်‌တွေထပ် ပိုသေချာပြီး ပိုကြာရှည်မည့်အချိန်တွေ ထပ်ရတော့မှာပေါ့။ တွေးမိကာ Jiminရင်ထဲ လှိုက်တက်လာသည်။ ‌Jung Kookဟာ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လေသလဲ။

"ကျေး..ကျေးဇူးပါပဲ..Jung Kook...။"

ဒါကတော့ သူ့ရင်ထဲက ပြောသည့်စကားပါ။ သူနာကျင်ရမယ်ဆိုရင်တောင် ဒီလူသားကိုတော့ သူချစ်ပါသည်။ အကြောင်းအမျိုး‌မျိုးကြောင့် ထုတ်ဖော်မပြသနိုင်ခဲ့ပေမဲ့ ကျေးဇူးတင်ကြောင်းတော့ သူ ပြောနိုင်ပါသေးသည်။

"ဒီတိုင်းတော့ မရဘူးထင်တယ်။"

ပြန်ပြောလာသည့် စကားကြောင့် ကြောင်သွားသည်။

"ဟမ်..."

"မောင်..."

ရုတ်တရက် အတိုင်းအဆမရှိ ခုန်လှုပ်လာသော နှလုံးသား...။ မောင်......??? သူ ဘာကိုဆိုလိုပါသလဲ...??

"ဟမ်..ဘာ..ဘာကြီး..."

"မောင်လို့ပြန်ခေါ်..."

မောင်လို့ပြန်ခေါ်တဲ့လား???? ပစ္စုပ္ပန်က နတ်ဆိုးကို ဘယ်လောက်မုန်းလို့ မရခဲ့ မရခဲ့ သူ ‌မောင်လို့တော့ ပြန်‌မခေါ်ချင်ပါ။ ဒီနာမ်စားက ချစ်ခြင်းမေတ္တာသက်သက်ဖြင့် ပကတိဖြူစင်နေခဲ့တာ။ ယခု‌လိုတော့ နာကျင်ခြင်း‌တွေ၊ မျက်ရည်တွေ၊ ဒဏ်ရာတွေမဟုတ်။

"ထားလိုက်တော့...။ မဖြစ်နိုင်တာကို ပြောနေမိတာ အဟား...။ အတိတ်တွေက ပစ္စုပ္ပန်မှမဟုတ်တာ။"

အတွေးတွေများနေခိုက် ထိုလူသားက ဘာစိတ်ကူးပေါက်သွားလဲမသိ ကုတင်ပေါ်က ဆင်းကာ အခန်းပြင်ထွက်ဖို့ပြင်တော့.......

"တောင်းပန်ပါတယ်.......‌..မောင်...."

ခက်ခက်ခဲခဲပါပဲ။ ဒါပေမဲ့...ဒီလူသားကို တစ်နှစ်လုံးလုံး တစ်ခါမှ သူကြားအောင်မခေါ်သည့် နာမ်စား။ တစ်ချိန်ကတော့ ပါးစပ်မှမချစတမ်း ခေါ်ခဲ့ရသည့် နာမ်စား...

ADDICTED ||COMPLETED||Where stories live. Discover now