ADDICTED - 13

4.8K 608 254
                                    

(Unicode)

JIMIN's SIDE

ကြည်ကြည်သာသာအခြေအနေတစ်ခုမှ ရုတ်တရက်ကြီး ပြောင်းလဲသွားတာကြောင့် Jiminလန့်သွားမိသည်။ သူ အမှားတစ်ခုခုလုပ်လိုက်မိပြီလား။ Jung Kookမျက်လုံးတွေ ရောက်ခဲ့သည့် သူ့လက်ကို ပြန်ငုံ့ကြည့်မိတော့......

"သွားပြီ......."

ခပ်တိုးတိုးယောင်ယမ်းမိသွားသည်။ မနက်က ရေချိုးရင်း လက်ထပ်လက်စွပ်ကို ရေစိုမှာစိုးလို့ ချွတ်ထားခဲ့တာ ပြန်မဝတ်ခဲ့မိ။ Jung Kookက လက်ထပ်လက်စွပ်ကို ချွတ်ထားတာ လုံးလုံးမကြိုက်သောသူ။ ဒီလက်စွပ်က သူတို့ လက်ထပ်ကတည်းက Jung Kookဝယ်ပေးထားသည့်လက်စွပ်။ Jung Kookကိုယ်တိုင် ဒီဇိုင်းဆွဲ အစအဆုံးအကုန်လုပ်ပြီး ပေးခဲ့သည့် လက်ထပ်လက်စွပ်။ ဂျပန်မှာ ယွန်းအာ‌နှင့်လက်ထပ်ခဲ့ရတာတောင် မပျောက်အောင် သိမ်းထားခဲ့သော လက်စွပ်။ လက်ဆေးတာ ဘာညာက ပြဿနာမဟုတ်ပေမဲ့ ရေချိုးရင်တော့ ရေအကြာကြီး စိုတာကိုမကြိုက်တာမို့ ရေချိုးတိုင်း ချွတ်ထားကာ ပြီးမှ ပြန်ဝတ်လေ့ရှိတာ...အခုတော့ ပြန်ဝတ်ဖို့မေ့သွားခဲ့သည်။

"ဟို...ကျွန်တော်တော်ပြီနော် Dong Wook Hyung..."

ဇွန်းကို ချက်ချင်းချကာ စားပွဲဝိုင်းမှ ထွက်၍ သူ အပေါ်ထပ်ကို ခပ်မြန်မြန်ပင် တက်လာမိသည်။ မနေ့ကမှ‌ နေပြန်ကောင်းတာ ဒီနေ့တော့..သူ့ရဲ့ တကယ့်ငရဲခန်းက ရောက်လာတော့မည်။ ဆေးရုံတော့ မရောက်လောက်ဘူးမဟုတ်လား။

*ကျွီ....*

"ဟို....Jung Kook....."

*ခွမ်း....ဖောင်း.....*

တံခါးကို ဖွင့်ဖွင့်ချင်း ပန်းအိုးကို မိမိဆီ ပစ်လိုက်တာမို့ Jiminကမန်းကတန်း ရှောင်မိတော့ ပန်းအိုးက တံခါးနှင့်သွားတိုက်ကာ အစိပ်စိပ်အမွှာမွှာကွဲပြီး ခြေထောက်ကို စင်သွားသည်။

*ဒုန်း......*

"အ....Jung Kook......."

သူ့ဆီ ပြေးလာကာ တံခါးဆီကို စောင့်‌တွန်းလိုက်တာမို့ Jimin ကျောပြင်နဲ့ တံခါးနှင့် မိတ်ဆက်ကာ အောင့်ခနဲဖြစ်သွားသည်။ Jung Kook၏ လက်တွေက သူ့လည်ပင်းမှာ တင်းကြပ်စွာ။
ကြမ်းပြင်နှင့် ခြေထောက်တောင် နည်းနည်းလွတ်ချင်သလို။ ချက်ချင်းကို အသက်ရှူကြပ်လာတာမို့ Jimin တတ်နိုင်သရွေ့ ရုန်းကန်မိသည်။

ADDICTED ||COMPLETED||Where stories live. Discover now