ADDICTED - 17

5K 623 288
                                    

(Unicode)

JIMIN's SIDE

သူ့ကိုကျစ်နေအောင်ဖက်ထားသည့် လက်တွေကြောင့် Jiminခန္ဓာကိုယ်က တောင့်ခနဲဖြစ်သွားသည်။ ဒီလက်တွေက...ဟိုးလွန်ခဲ့သည့်နှစ်တွေလိုပဲ....ထွေးပွေ့တိုင်း နွေးထွေးသည့်အငွေ့အသက်တွေ မပျောက်သွား။ ဘာလို့ရယ်မသိ သူ့ရင်ထဲ လှိုက်တက်ကာ ချုံးပွဲချငိုချင်လာသည်။ ဘာလို့လဲ...။ ရံဖန်ရံခါ နွေးထွေးသည့် အငွေ့အသက်တွေ ရနေပါလျက်နဲ့ ဘာလို့များ ဒီလူသားက သူ့ကိုကြိမ်ဖန်များစွာ နာကျင်စေသူ ဖြစ်ရပါသလဲ။

"ကောင်းကောင်းအိပ်...."

ကျောပြင်ကို ဖွဖွပုတ်ကာ ပြန်ဖက်တွယ်ရင်း Jiminလည်း အတူတူလိုက်အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။ နဂိုကတည်းက ကော်ဖီသောက်ထားမိလို့ တလှပ်လှပ်တုန်ချင်နေသည့် နှလုံးသည် စောစောက ရလိုက်သည့်အနမ်းမှာတော့ အခြေအနေပိုဆိုးသွားသည်။

ရင်ခွင်ကျယ်ကြီးထဲ တိုးဝှေ့ရင်း သူတို့နှစ်ယောက်အကြောင်းကို ပြန်တွေးကာ မျက်ရည်ကျမိသူက Jiminရယ်။ ဒီလူသားက သူ့ကို အကြိမ်ကြိမ်နာကျင်စေပေမဲ့၊ သူ့မျက်ရည်တွေ၏ တရားခံဖြစ်‌ခဲ့ပေမဲ့၊ သူတို့မိသားစုလေးကို တစ်စစီကွဲစေခဲ့သူ ဖြစ်ခဲ့ပေမဲ့....နာကျင်စေခြင်းက သာယာစေခြင်းထပ် ပိုများပေမဲ့....ရံဖန်ရံခါလေးများ သူ့အပေါ် နူးညံ့လိုက်သည့်အခါ ဒဏ်ရာအပြည့်နှင့် Jeon Jiminက သူ့ဒဏ်ရာတွေထပ် Jung Kookနာကျင်ခြင်းတွေကို မြင်ရမှာ ကြောက်သည်အထိလည်း ထိုလူသားကို ရူးလောက်အောင် စွဲလမ်းခဲ့သည်။

နာကျင်ခြင်းနှင့် အသားကျနေခဲ့ပြီမို့ သူ့နာကျင်ခြင်းတွေကို စိတ်မဝင်စားခြင်းတော့ပါ။ ဒါပေမဲ့...ဒီလူသားနာကျင်ရတာကိုတော့ သူ မကြည့်ရက်...။ တကယ်တမ်း ဒီလူသားကို စကားလုံးတွေဖြင့် နာကျင်စေသူက သူပဲဖြစ်နေလျက်နဲ့‌လေ။ တတ်နိုင်စွမ်းဆိုလို့ ဒါပဲ ရှိခဲ့တာမဟုတ်လား။ ရင်နာပေမဲ့ ဒီလမ်းပဲ ရှိခဲ့သည်။ မဟုတ်လျှင်...မဟုတ်လျှင် ယွန်းအာကို သနားလို့ သူသေနိုင်သည်။

ရင်ခွင်ထဲမှ ‌ခေါင်းဖော်ကာ နီးကပ်နေသော မျက်နှာကို သေချာ ငေးမောကြည့်နေမိသည်။ လွန်ခဲ့သော နှစ်တွေကထပ် ရင့်ကျက်တည်ကြည်လာသည့်‌ မောင့်မျက်နှာဟာ ကျန်သည့်အချိန်မှာဆို ဒေါသအရိပ်အယောင်တွေဖြင့် ပူလောင်နေတတ်ပေမဲ့ အခုလို အိပ်နေချိန်ကျလျှင်တော့ လွန်ခဲ့သော နှစ်တွေက Jiminကို အသည်းအသန်လိုက်ခဲ့သည့် တက္ကသိုလ်ဂျူနီယာကျောင်းသားလေးတစ်ယောက်သာသာပါပဲ။

ADDICTED ||COMPLETED||Where stories live. Discover now