ADDICTED - 2

6.7K 861 193
                                    

(Unicode)

JUNG KOOK's SIDE

နောက်မှ လိုက်တောင်းပန်နေသည့်အသံ‌တို့ကို လျစ်လျူရှူပစ်ရင်း ကားပေါ်တက်ကာ မောင်းထွက်လာခဲ့သည်။ Jeon Jiminက တကယ် နည်းနည်းလေးမှ အခွင့်အရေးပေးလို့မရ။

*Ti..Ti...Ti......*

ဖုန်းဝင်လာတာမို့ ကြည့်လိုက်တော့ Taehyung hyung။ Bluetoothကို နားထဲထည့်လိုက်ပြီး...

"ပြော Hyung..."

"Jimin ရှိလား။"

"မရှိဘူး...။ ကျွန်တော် အခုရုံးကိုသွားနေတာ။ ကားပေါ်မှာ။ ပြော..ဘာကိစ္စ..."

ရန်ဖြစ်လာသည့် အကြောင်း‌ကိုတော့ မပြောဖြစ်။ Kim Tae Hyungဆိုတာ သူနဲ့ပတ်သက်ပြီးမှ Jimin နဲ့ခင်ခဲ့တာပေမဲ့ Jimin နှင့်ပတ်သက်လာလျှင် သူ့ယောက်ျား Jung Hoseokနဲ့တောင် ရန်ဖြစ်ပြီး အိမ်ပေါ်က နှင်ချသည့်အမျိုး။ Jeon Jiminနဲ့ Kim Tae Hyungရဲ့ Bondsက ပေါ့သေးသေးတော့ မဟုတ်။

"မင်း ငါတို့ဆီ လာဦးမှာလား။"

"မလာချင်ဘူး။ မတတ်သာလို့သာ လာရတာ အဲ့ကို အားတိုင်းယားတိုင်းမလာနိုင်ပါဘူး။"

"Ya! မင်းအဲ့လိုတော့ မျက်နှာလွှဲခဲပစ်လုပ်လို့ဘယ်ရမလဲ။ သူက မင်းကို မှတ်မိနေပြီ။ ဟိုတစ်လောက ငါတို့ရိုက်ထားတဲ့ Group photoမှာ မင်းပုံတွေ့တော့ မင်းကိုပါ မေးနေတာ။"

"အင်း....."

"TaeSeokလေးနဲ့ဆိုလည်း တော်တော် ခင်နေပြီကွ။"

"အင်း..."

"မင်းအမေနဲ့လည်း အရမ်းအဆင်ပြေတာမဟုတ်ပေမဲ့...အင်း...
ဘယ်လိုပြောမလဲ။ ဟိုအရင်ကလောက်တော့ ပြဿနာမဖြစ်တော့ပါဘူး။ အိမ်နှစ်လုံးသာ ခွဲနေပေမဲ့ မင်းအမေရဲ့ အရိပ်ကတော့ နေရာတိုင်းပေါ့ကွာ။"

"အင်း....."

"ငါ အကောင်းပြောနေတာ ချီးထုပ်ကောင်ရဲ့။ နားမထောင်ချင်သလို ထောင်ချင်သလိုနဲ့။"

"ဘယ်သူက မေးလို့လဲ။ Hyungဘာသာ လာပြောနေတာ မဟုတ်လား။ မှန်းစမ်း...Kim Hoseok-ssi ခြံထဲ ရောက်နေပြီထင်တယ်။ သူ့ယောက်ျားနား မကပ်ဘဲ ကျွန်တော့်ကို ဖုန်းလာဆက်ပုံထောက်ရင်..."

"Ya! မင်း Hyungက ငါ့ကို TaeSeokလေး အနှီးလဲခိုင်းလို့ ငါ သူ့ကို ခဏပစ်ထားထားတာ။ ခြံထဲရောက်နေတာက ငါ။"

ADDICTED ||COMPLETED||Donde viven las historias. Descúbrelo ahora