ADDICTED - 20

5K 653 327
                                    

(Unicode)

FLASH BACK

JIMIN's SIDE

"မလုပ်နိုင်ဘဲ ကျွန်တော် ထောင်ပဲ ဝင်မယ်ဆိုရင်ရော..."

သူ ထောင်ပဲ ဝင်ချင်သည်။ ဘယ်ကိုမှ မထွက်သွားချင်။ မောင်ရှိသည့် ဒီနေရာကနေ တစ်ဖဝါးမှတောင် မထွက်သွားချင်ပါ။ သူ့အပြစ်တွေ ပြန်ပေးဆပ်ရဦးမှာဖြစ်သလို....မောင့်ကို...မောင့်ကို မောင်အလိုချင်ဆုံး လက်ဆောင်လေးကို လာမဲ့ စက်တင်ဘာ မွေးနေ့မှာ မွေးနေ့လက်ဆောင် အဖြစ်လည်း ပေးရဦးမှာ။

*ဘုတ်.....*

မဲ့ပြုံးပြုံးရင်း ပစ်ချလိုက်သည့် တစ်စုံတစ်ရာ.....။

"ဒါ....ဒါ...."

အခန်းထဲမှာ သူ သိမ်းထားခဲ့သည့် ကိုယ်ဝန်ရှိမရှိ ဆီးစစ်သည့် အတံ...။ ဘယ်လိုလို့....ဘယ်လိုလို့....ဒါက....

"ဘယ်လိုလဲ....။ ထောင်ထဲက လူတွေက အကြမ်းတမ်းဆုံး အရက်စက်ဆုံးနော်။ မင်းခံနိုင်ရည်ရှိမယ်ထင်လို့လား။ Jung Kookလိုတော့ ညင်သာမှာမဟုတ်ဘူး။ မင်းကလည်း...အင်း...."

ဒီစကားမှာတော့ သူ့လက်တို့က သူ့ဝမ်းဗိုက်ကို ဖွဖွလေး သွားထိမိသည်။ မဖြစ်ပါ။ သူမ က ဘာမဆို ဖျက်ဆီးနိုင်သည့်သူမို့ မတော်လို့များ....အကြံဆိုး‌တို့က အဆုံးစွန်ထိ ပက်စက်ခဲ့မယ်ဆိုရင်.......??

တွေးရင်း ကမ္ဘာပျက်သွားသည်။ မဖြစ်ဘူးမဟုတ်လား။ အနည်းဆုံးတော့....မောင့် သွေးသားကို မောင့်ကို ပြခွင့်မရှိခဲ့ရင်တောင် သူကတော့ မောင့်ရင်သွေးကို ရှင်အောင် မွေးရပါလိမ့်မည်။ ဒီကလေးကို ယူဖို့ ဘယ်လောက် အခက်အခဲတွေ ရင်ဆိုင်ခဲ့ရလဲ။ မောင်မသိအောင်ရော ဘယ်လောက်တောင် သူ ခက်ခက်ခဲခဲကြိုးစားခဲ့ရလဲ။ မောင့်သွေးသားကို သူ ဘယ်နည်းနှင့်မျှ အထိအခိုက်မခံနိုင်။ ဝေးရမည့် အချိန်အတွင်းမှာ တစ်ခု‌တည်းသော သူ့ရဲ့ ရှင်သန်ရာလေးဖြစ်လာမှာမဟုတ်လား။

"ကောင်းပြီ။ ကျွန်တော်လက်ခံတယ်။ ဒါပေမဲ့ အပေးအယူတစ်ခုရှိတယ်။"

နောက်ဆုံး အဖြစ်သင့်ဆုံးလမ်းကိုတွေးကာ ဆုံးဖြတ်ချက်ကို ချလိုက်သည်။ သူ့ကို မုန်းလည်း မုန်းပါစေတော့။ ဘယ်လိုပဲဖြစ်ဖြစ် မောင့်ကိုပဲ ရွေးမဲ့လူက အခုတော့ မောင့်သွေးသားကို ရွေးဖို့ ဖြစ်လာခဲ့ပြီ။ သူသာ ရူးမိုက်ခဲ့ရင် မောင်ဟာ မောင့်ရင်သွေးလေး ရှိနေခဲ့မှန်းတောင်သိလာမှာမဟုတ်။ တစ်ခါရူးမိုက်ခဲ့တာ တော်သင့်ပြီလေ။

ADDICTED ||COMPLETED||Where stories live. Discover now