ADDICTED - 9

4.5K 614 172
                                    

(Unicode)

FLASH BACK

JIMIN's SIDE

ထိုင်ဝမ်.....သူ တန်ဖိုးထားရသည့် မိန်းမပျိုတစ်ဦး အခြေချနေသည့်နေရာ...

"Jimin..."

"အာ...ယွန်းအာ...."

သူ ပြုံးပြရင်း ယွန်းအာကို ဖက်လိုက်သည်။

"အဆင်ပြေသွားမှာနော်။ အားလုံးအဆင်ပြေသွားမှာသိလား။"

"အင်းပါ။ ငါ သိတယ်။"

"ငါ့ရဲ့ Jimin လေးက..ဘယ်သူမို့လို့လဲ..။ ခက်ခဲသမျှကို ဖြတ်ကျော်လာခဲ့ပြီလေ။ နင် လုပ်ခဲ့တာ မှားနေတာမို့ သဘောမကျ‌ပေမဲ့...ဘာပဲပြောပြော ပြီးခဲ့ပြီပဲ။ သံသရာတွေကို ဒီမှာပဲ ရပ်ပြီး လူကောင်းတစ်‌ယောက်အနေနဲ့ပဲ အကောင်းဆုံးရှင်သန်တော့နော်။ နင်လိုအပ်သမျှ ငါ Supportပေးမယ် ဟုတ်ပြီလား။"

"နောက်ဆုံးတော့ ငါ့ရဲ့ Jung Yoon Ahက Jung Yoon Ahပါပဲ။ Gomawoo Chargi-ah..."

သူမ ပါးကို ဆွဲညှစ်ကာ ပြောတော့ သူ့လက်ကို သူမ က ခပ်ဖွဖွရိုက်ချပြီး..

"နင်ဟာလေ...တကယ်ပါပဲ..."

ခပ်ဖွဖွရယ်ရင်း.......

.
.
.
.
.
.

ဤသို့ဖြင့်...ယွန်းအာနဲ့ပဲ Jimin အတူတူနေဖြစ်ခဲ့သည်။ နောက်‌မှ Shadowလိုက်နေသည့် Jung Kookမိခင်ကြောင့် သူ မလွတ်လပ်ခဲ့ပေမဲ့ အဆင်တော့ပြေခဲ့ပါသည်။ နားလည်မှုရှိပြီး သဘောထားပြည့်ဝသည့် ယွန်းအာကြောင့် သူ့အခက်အခဲတွေက အကုန်လုံး ဒဏ်ရာနည်းပါး‌ခဲ့ပါသည်။ ဒါပေမဲ့...တဖြည်းဖြည်းနေသားကျလာသည့် နောက်မှာ Jimin သေချာစဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ခုကို ချဖြစ်ခဲ့သည်။

"ယွန်းအာ...."

"ဟင်...ဘာလဲ Jimin ပြောလေ။"

"ငါတို့....လက်ထပ်ကြရအောင် ယွန်းအာ။"

"Ji....Jimin..."

"ငါတို့ အတူတူနေခဲ့တာလဲ ၂လတောင်ရှိပြီလေ။ ငယ်ငယ်ကတည်းကလည်း ငါ မင်းကို သိခဲ့တာ။ ငါ့အတွက် လက်တွဲဖော်တစ်ယောက်အနေနဲ့ မင်း‌က ပြည့်စုံပြီးသားလေ။ ငါ မင်းကို သဘောကျတယ် ယွန်းအာ။ လက်ထပ်ကြရအောင်..."

ယွန်းအာ၏ မျက်ဝန်းတွေကမျက်ရည်တွေဖြင့် ပြည့်လျှံနေသည်။ Jeon Jung Kookဆီက ကန်ထွက်လာခဲ့ပြီး မိန်းမတစ်ယောက်ဆီ ထပ်သွားတာမျိုးမဟုတ်ပေမဲ့ သူ့အတွက် ယွန်းအာက လက်တွဲဖော်ကောင်းတစ်ယောက်အဖြစ် ပြည့်စုံခဲ့ပါသည်။

ADDICTED ||COMPLETED||Where stories live. Discover now