ADDICTED - 4

6.4K 658 285
                                    

(Unicode)

FLASH BACK

//""ဟင့်အင်း။ မဟုတ်ဘူး မဟုတ်ဘူး။ ငါတောင်းပန်ပါတယ်။ ငါတို့ကိုမသတ်ပါနဲ့။ မလုပ်ပါနဲ့။ ဟင့်အင်း..."

"ဟားဟားဟားဟား.....ဘုရားသာ တ ထား..."

"အားးးး......."//

"App!!!!!!!!!!"

အဖေဟု အော်ကာ သူ ဝုန်းခ‌နဲ ထ ထိုင်မိလိုက်သည်။ ချွေးတွေက တစ်ကိုယ်လုံး‌ စေးကပ်လို့...။ သူ.....Park Ji Min တဖြစ်လည်း သူ‌ချစ်သော လူသား၏ အထူးနာမ်စား "ကိုကို" ၏ ပိုင်ရှင်။

"ကိုကို...ဘာဖြစ်တာလဲ အိပ်မက်ထပ်မက်ပြန်ပြီလား။"

Jimin ဘေးမှ ချစ်သောသူက သူ့ကျောကို ဖွဖွလေး ပွတ်ကာ စိုးရိမ်တကြီးမေးလာသည်။ ကုတင်ပေါ်မှ ဆင်းကာ မီးတွေဖွင့်လိုက်ပြီး ရေခွက်ထဲကို ရေထည့်ကာ Jimin ကို ကမ်းပေးရင်း အဝတ်ဘီရိုထဲက Pajamasတစ်ထည် ဆွဲထုတ်လာသည်။

"မောင်....ငါ...ငါလေ....။"

ကုတင်ပေါ်တက်လိုက်တော့ အခုထိ အိပ်မက်တွေထဲက ရုန်းမထွက်နိုင်သည့် ကောင်လေးက သူ့ ချစ်သူကို ဖက်ကာ မျက်ရည်တို့ စီးကျရင်း ငိုရှိုက်လာ‌၏။ Jung Kookအဖို့ ကျောပြင်ကို ဖွဖွပွတ်ကာ နှစ်သိမ့်ရုံမှ အပ အခြားမရှိခဲ့။

"အင်း...မောင်သိတယ်။ ဒါပေမဲ့...ကိုကို့အမှားမဟုတ်ဘူးနော်။ ကိုကို့ကို အရမ်းမနာကျင်ရအောင်လို့ ကိုကို့ဦးနှောက်က ဒီလိုအလုပ်လုပ်လိုက်ရတာ။ ကိုကို့အမှားမဟုတ်ဘူး။ ကိုကို အပြစ်မတင်ရဘူး လေကွာ..."

ကလေးချော့သလို ချော့နေသော ကောင်လေးတစ်ယောက်။ သူ့ထပ် အသက်နှစ်နှစ်ကြီးသည့် ရင်ခွင်ထဲက ကိုကိုအသေးလေးကို ကြည့်သည့် မျက်ဝန်းတွေက ဘယ်လောက်တောင် အကြင်နာတွေ ပြည့်လျှံနေသည်ဆိုသည်မှာ သိသာလွန်းသည်။

"ဒါပေမဲ့...ဒါပေမဲ့...ကိုယ့်မိဘအတွက် ဘာမှတောင် ပြန်လုပ်ပေးနိုင်စွမ်းမရှိတဲ့ ငါက ဘယ်လိုတောင် သား မပီသတာလဲ။ ငါ ဘယ်လောက်တောင် မုန်းစရာကောင်းလဲ။"

"မဟုတ်ဘူး ကိုကိုရာ။ ကိုကို ပြန်လုပ်ပေးနိုင်မှာပါ။ ကိုကို့မိဘတွေအတွက် ကိုကို ပြန်ပြီး အမှန်တရားကို ရယူဖို့ဆိုရင် သန်မာမှရမယ်အားလုံးပြန်မှတ်မိဖို့ ကိုကိုသန်မာမှ ရမှာမို့ ကံတရားက ကိုကိုသန်မာတဲ့အထိ စောင့်ချင်လို့ ဒီမှတ်ဉာဏ်တွေ ခဏမေ့ခိုင်းထားတာနေမှာ...နော်...။ အိပ်တော့...။"

ADDICTED ||COMPLETED||Where stories live. Discover now