ပြုံးပြတာခံလိုက်ရသူ စားပွဲဖော်ကျောင်းသားလေးကတော့ မျက်နှာကြီးနီသွားကာ၊ အမြန်ပဲ အတန်းပြင်ပြေးထွက်သွားလေရဲ့။

ဟယ်ရှင်းလျန်က မျက်ခုံးတစ်ဖက်ပင့်ပြလာပြီး
"ကိုကို၊ သူက အခုမှ၁၆နှစ်ပဲရှိသေးတာ သွားစမနေနဲ့တော့"

"ဘယ်သူက စနေလို့လဲ???"

ဟယ်ရှင်းချွမ်က သူ့ညီဘေးဝင်ထိုင်လိုက်ကာ၊ အကျင့်ပါပါနဲ့ပဲ ဟယ်ရှင်းလျန်စာအုပ်တွေကို ကောက်ကိုင်ကြည့်တယ်။

မှားထားတဲ့အပုဒ်တွေက ပါနေကျအပုဒ်တွေတော့မဟုတ်ဘူး၊ အမှတ်ထပ်ရှာလို့ ရနိုင်လောက်ဦးမလား?

ဟယ်ရှင်းချွမ်က ဘောပင်တစ်ချောင်းကိုင်လိုက်ကာ
"ဒီရူပဗေဒပုစ္ဆာက..."

"ခဏနေပါဦး! ကိုကိုက ဘက်စုံဗဟုသုတမဟုတ်ဘူးလား?"

"အဲ့ဒါနဲ့ပဲ သိပ္ပံကိုမကြည့်ရတော့ဘူးလား?"

သူ့အစ်ကိုက ဘယ်လိုစာကျက်ကြမ်းလဲဆိုတာကို ဟယ်ရှင်းလျန်မေ့သွားပုံပါပဲ။

တကယ်က...ဟယ်ရှင်းချွမ်သိပ္ပံကြည့်တယ်ဆိုတာ အရမ်းကြီးစိတ်ဝင်စားလို့တော့ မဟုတ်ပါဘူး။
အဲ့အချိန်တုန်းက၊ ယန်ထန့်အဖေက ယန်ထန့်ကို သိပ္ပံတန်းဆီပို့ခဲ့တယ်လေ။ ဟယ်ရှင်းချွမ်က ယန်ထန့်ကို စာကူကျက်ပေးချင်ခဲ့တာ။

ဘယ်သူက ထင်ထားမှာလဲ၊ ယန်ထန်က အတန်းတောင်ပုံမှန်မတက်လောက်ဘူးလို့။
ဟယ်ရှင်းချွမ်ဟာ ဝမ်ဘင်းဘင်းရဲ့စာအုပ်တွေအထိ လိုက်ငှါးပေးခဲ့ရသေးတယ်။

မှားနေတဲ့ပုစ္ဆာတွေတွက်ပြပြီးချိန်မှာ၊ မိဘတွေ့ဆုံပွဲဟာလည်း စတင်ပြီဖြစ်တယ်။

ဟယ်ရှင်းလျန်အတန်းပိုင်က ဟယ်ရှင်းချွမ်ကို သိတယ်လေ၊ အဝေးမှနေ လက်လှမ်းပြနေလေရဲ့။

အထက်တန်းဒုတိယနှစ်ကျောင်းသား ဟယ်ရှင်းလျန်က ကျောင်းမှာပဲနေဖို့ဆုံးဖြတ်ထားပြီး၊ အိမ်မပြန်ဖြစ်တဲ့အချိန်က များတယ်။

မိဘတွေ့ဆုံပွဲပြီးတော့ ဟယ်ရှင်းချွမ်က အတန်းဆီပြန်ပြေးလာတယ်၊ သူ့ညီလေးခေါင်းကို ပွတ်သပ်ပေးနေပြီး လွယ်အိတ်ထဲကို ပိုက်ဆံထိုးထည့်ပေးတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now