"အွန်း"

"ဘေဘီ တစ်ယောက်တည်း ကြည့်လို​ြ့ဖစ်တယ်မလား"

"ဘာလို့လဲ"

"Daddyအလုပ်လေး လက်စသတ်လိုက်မလို့ သိပ်မကြာပါဘူး နည်းနည်းလေးပါ"

"အင်း Laptop မရှိဘဲလုပ်လို့ရလို့လား"

"ရတယ်"

"အွန်း အွန်း ဒါပေမယ့် မြန်မြန်လုပ်နော်"

"ဟုတ်ကဲ့ပါဗျ"

ဆိုြပီး ဒရေဂိုလည်း သူ့ဘေဘီကိုLaptop တစ်လုံးနဲ့ထားခဲ့ပြီး စားပွဲဆီပြန်လာကာ လုပ်လက်စ အလုပ်တွေဆက်လုပ်နေလိုက်တယ်~အားလုံး လတ်စသတ်ပြီးတော့ ဘာအသံမှ မထွက်ဘဲ ငြိမ်နေသော ကိုယ်တော်ချောလေးကိုကြည့်လိုက်တော့ အဆိုးလေးက အိပ်တောင်ပျော်နေပြီ~သူလည်း တစ်ချက်ပြုံးလိုက်ရင်း အိပ်နေတဲ့အကောင်ငယ်လေးကို စွေ့ကနဲ ပွေ့လိုက်တော့ အင်းအဲလုပ်ကာ ရင်ခွင်ထဲတိုးဝင်လာတဲ့ ခေါင်းလေး~ဒရေဂိုတစ်ယောက် သူ့ဘေဘီလေးနှဖူးကို ညင်သာစွာ ငုံ့နမ်းလိုက်ပြီးမှ ကုမ္ပဏီကနေ ထွက်လာခဲ့တယ်~ဘေဘီလေးကို ကားပေါ်မှာ သေသေချာချာ နေရာချပေးပြီး သူလေးသက်တောင့်သက်သာရှိစေဖို့ ထိုင်ခုံကို အနောက်ဘက်သို့ အနည်းငယ်လှန်ပေးလိုက်တယ်~ဘေဘီလေး နိုးမသွားအောင်လည်းသတိပြုရင်းနဲ့ပေါ့~အားလုံးပြီးမှ တံခါးကို ညင်ညင်သာသာပိတ်ကာ တစ်ဖက်ခြမ်းက driver seatမှာဝင်ထိုင်ပြီး အိမ်ကိုပြန်လာခဲ့တယ်~

အိမ်ရောက်တဲ့အထိ မနိုးသေးတဲ့အကောင်ပေါက်လေး~နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်နေတာကြောင့် မနိှုးရက်တော့ဘဲ အိပ်ခန်းထဲအထိ ပွေ့ကာ ခေါ်လာခဲ့တယ်~ဘေဘီ့ကို အိပ်ယာပေါ်အသာအယာချပေးပြီးမှ သူလည်း ရေချိုးဖို့လုပ်ရပါတော့တယ်~သူရေမိုးချိုးပြီး အချိန်ကြည့်တော့ ခြောက်နာရီခွဲပြီးလို့ ဆယ်မိနစ်~သူလည်း ခနနေမှ ဘေဘီ့ကိုနှိုးတော့မယ်ဆိုပြီး အောက်ထပ်ကိုဆင်းလာခဲ့တယ်~

"သခင်ကြီး ဧည့်သည်ရောက်နေပါတယ် သခင်လေးနဲ့တွေ့ချင်လို့တဲ့~"

"ဘယ်သူလဲ"

"ကျတော်ပါ ဒါနဲ့ ဟယ်ရီရော~"

ဧည့်ခန်းထဲမှာထိုင်နေရာကနေ စကားသံကြားလို့ ထွက်လာတဲ့ ဆစ်ဒရစ်~

~DON'T BLAME ME~Where stories live. Discover now