Chapter 41

904 200 15
                                    

မကြာခင် ဆောင်းရာသီပိတ်ရက်ရောက်တော့မည်ပင်။တကယ်တော့ ဖုန်းဖေ သိပ်မပျော်မိပါ။သူနှင့်ဟိုင်ရှို့ နှစ်ပတ်ကျော်ခွဲခွါပြီးလို့ အခုမှ ပြန်ဆုံခါစရှိသေးတယ် ယခုသူတို့နှစ်ယောက် ထပ်ခွဲခွာရဦးမည်။သူတို့ အနှီပိတ်ရက်များအတွင်း တစ်ယောက်နှင့်တစ်ယောက် တွေ့တော့တွေ့နိုင်သေးသော်လည်း ဂရုတစိုက်နှင့်တွေ့ရမည်ဖြစ်ကာ အချိန်အကန့်အသတ်ကလည်း ရှိဦးမည်။သို့သော် ဟိုင်ဟော်ဝေ ရုတ်တရက် ပေါ်လာက ကျန်းယွီမန်ကို စိတ်အနှောက်အယှက်ပေးရာ သူမသည် သူ့သားကို ထိုလူနှင့် နီးနီးကပ်ကပ်မနေစေလိုပေ။အနှီအရာက ဖုန်းဖေအတွက်တော့ အကျိုးအမြတ်ရသွားခြင်းပင်။

ဟိုင်ရှို့ အိမ်ပြန်ပြီး အဝတ်အစားနှင့် နေ့စဥ်လိုအပ်သည့် အသုံးအဆောင်များကို ယူရန် ဖုန်းဖေက အဖော်ပြုပေးသည်။ဖုန်းဖေ ထိုအတွက် ပြင်ပြင်ဆင်ဆင်ဖြင့် ပစ္စည်းအမြောက်အများပင် ဝယ်ခဲ့ကာ သူ့မွေးရပ်မြေမှ ထွက်သော လက်ဆောင်ပစ္စည်းများလည်းယူလာခဲ့၏။ကျန်းယွီမန် ထိုပစ္စည်းများကို မငြင်းနိုင်ဘဲ ယူလိုက်ပြီးနောက် သူမက ရယ်မောလာသည်။

"ကြည့်ပါဦး ၊ ဟိုင်ရှို့က မင်းအိမ်မှာ နေတာကို သူ့ကို တစ်ခုခုမဝယ်ခိုင်းဘဲ မင်းကတောင် အန်တီ့တို့အတွက် ပစ္စည်းတွေဝယ်လာနေသေးတယ်..."

ဟိုင်ရှို့ ကျန်းမန်ယွီအား နေထိုင်စရိတ်အကြောင်း ဘယ်လိုပြောထားလဲဆိုသည်ကို ဖုန်းဖေ မသိသည်ပေ။သူ အခန်းထဲရှိ ဟိုင်ရှို့ကို လှမ်းကြည့်လိုက်ကာ

"ကျွန်တော်က ဟိုင်ရှို့သူငယ်ချင်းပဲလေ ၊ တစ်ယောက်ကိုတစ်ယောက်ကူညီတာ သာမန်ကိစ္စပါပဲ ၊ ပိုက်ဆံအကြောင်းပြောရင် လေးနက်မှုမရှိပဲဖြစ်ကုန်ပါ့မယ် ၊ ပြီးတော့ ကျွန်တော့်အနားမှာ ကျွန်တော့်အဖေနဲ့အမေမရှိတဲ့အချိန် အနာဂါတ်ကျရင် ကျွန်တော်က အန်တီနဲ့ဟိုင်ရှို့ကို ဒုက္ခပေးရဦးမှာ"

"တကယ်လို့ ကိစ္စတစ်ခုခုရှိရင် အန်တီတို့ကို ချက်ချင်းပြောနော်"

ကျန်းယွီမန် ဖုန်းဖေအား တကယ်ကျေးဇူးတင်မိခြင်းပင်။

"အန်တီတို့ကို တစိမ်းလို့ မတွေးပါနဲ့"

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now