Chapter 30

1K 269 31
                                    

<Unicode>

ဟိုင်ရှို့အား သူမတို့အိမ်၌ နေစေခြင်းက လျှိုဟော်လီ့အတွက် အတော်လေး အဆင်ပြေစေသည်။အကြောင်းမှာ ဖုန်းဖေသည်ကား ငယ်ငယ်လေးကတည်းက အဖော်မရှိပဲ နေရသည်ကများသောကြောင့်ပင်။ယခု ဟိုင်ရှို့လာနေသည့်အခါ ဖုန်းဖေသည် တစ်ယောက်တည်း နေစရာမလို့တော့ကာ ဖုန်းဖေ၏အဆင့်များသည်လည်း တက်လာလေသည်။ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်လိုက်ရသကဲ့သို့ပင်ဖြစ်၏။ဟိုင်ရှို့ အိမ်သို့ရောက်ပြီးနှစ်ရက်အကြာ သူမ အိမ်သို့တမင်ပြန်လာကာ သူ့တို့အတွက် ချက်ပြုတ်ပေးသည်။သို့သော် အချိန်မရှိသည်ကြောင့် ထိုကောင်လေးနှစ်ယောက်ကို ချက်ပြုတ်ရင်းနှင့်သာ အဖော်ပြုပေးနိုင်ပြီး ထို့နောက် ပြန်သွားရ၏။သူမ စကားနည်းနည်းသာ ပြောသွားခဲ့သော်လည်း ဟိုင်ရှို့ သူမ၏စေတနာမှန်ကို နားလည်ကာ သူမ၏ဖော်ရွှေမှုအတွက် ကျေးဇူးတင်ပါသည် ဟု မက်ဆေ့ပင် ပို့လိုက်သေးသည်။

လျှိုဟော်လီ ထိုကလေးအား ပိုပိုသဘောကျလာသည်။ထိုကလေးသည် စကားနည်းသော်လည်း အနည်းဆုံးတော့ စိတ်ရင်းမှန်အတိုင်းဆက်ဆံတတ်ကာ ယဥ်ကျေးမှုများကို နားလည်သည်။ဖုန်းဖေ၏အကို ဖမ်းရွှမ်ကိုပင် လတ်လတ်ဆတ်ဆတ်စပျစ်သီးများဝယ်ပြီး ဟိုင်ရှို့စားဖို့ သွားပေးရန် မှာလိုက်သေး၏။

တစ်ဖက်တွင်လည်း ဖုန်းဖေသည် ကျန်းယွီမန်အား တစ်ချိန်လုံး ဖုန်းဆက်ပြီး နှုတ်ဆက်ကာ ဟိုင်ရှို့၏အခြေအနေများကို ပြောပြသည်။ထို့ကြောင့် ကျန်းယွီမန်သည်လည်း စိတ်ချလက်ချနေနိုင်ကာ ဖုန်းဖေကို တဖြည်းဖြည်း ပိုသဘောကျလာ၏။

"အိုး ..."

ဖုန်းဖေ ဟိုင်ရှို့အား သူ့ဖုန်းကိုပြကာ

"မင်းအမေ ကိုယ့်ကို စာပို့ပြန်ပြီ ၊ ရာသီဥတုအေးလာပြီမလို့ ကိုယ်တို့ကို ဂရုစိုက်နေကြလို့ ပြောတာ"

ဟိုင်ရှို့ ထိုမက်ဆေ့ကိုကြည့်ကာ ပြုံးလိုက်၏။

"သူ ငါ့ကိုတော့ ဘာမှမပို့ဘူး"

ဖုန်းဖေ အော်ရယ်ချင်စိတ်ကို ထိန်းထားကာ ပြောသည်။

"ဒါတော့လည်း မတတ်နိုင်ဘူးလေ ၊ ကိုယ်မှာက ညှို့ဓာတ်ရှိနေတာကို"

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now