Chapter 31

1K 266 30
                                    

<Unicode>

ခရစ်စမတ်အကြိုရက် ရေပူစမ်းသို့ သွားကြမည်ဟုပြောထားသောနေ့တွင် ဟိုင်ရှို့နှင့်ဖုန်းဖေတို့သည် ကတိအတိုင်း လာခဲ့ပါသည်။

မူကျာရေပူစမ်းမှာ မြို့စပ်စီရင်စုအနားရှိ ဆင်ခြေဖုံးရပ်ကွက်၌ရှိကာ ထိုနေရာသို့ရောက်ရန် မြို့ထဲမှ နှစ်နာရီလောက် ကားမောင်းသွားရသည်။ထိုကြောင့် သွားမည့်သူ ၁၃ ယောက်သည် အဝေးပြေးလမ်းမကြီးအနီး၌ ဆုံရန် ဆုံးဖြတ်လိုက်ကြကာ ကားသုံးစီးနှင့် သွားကြမည်ဖြစ်၏။

မနက်ခင်း ၇ နာရီ၌ ဖမ်းဖေနှင့်ဟိုင်ရှို့တို့၏ကားမှာ အခြားကားတစ်စီးဘေး၌ ထိုးရပ်လိုက်သည်။

ဖုန်းဖေမှာ ကားပေါ်တွင်သာ ရှိသေးသော်လည်း အဝေးရှိရှောင်းရွယ်ယင်ကို လှမ်းမြင်၏။

အပြစ်ရှာလိုသည့်စိတ် အမြင်မကြည်သည့်စိတ်နှင့်သာ မကြည့်ပါလျှင် ရှောင်းရွယ်ယင်အတော်လေး လှကြောင်း ဖုန်းဖေ ဝန်ခံပါသည်။သူမသည် အရပ်လည်း အရမ်းမရှည်သလို ပုတိုတိုလည်း မဟုတ်ပေ။သူမ၏ အရပ်အမောင်းက သူမကို ပိုကြည့်လိုလှအောင် ထောက်ပံ့ပေးထားသည်။သူမ မျက်နှာမှာ သေးကာ မျက်လုံးမှာဝိုင်းပြီး အသားလည်းဖြူ၏။

သူမ ဒီနေ့ လှပအောင် ပြင်ဆင်လာပုံရသည်။အဖြူရောင် သိုးမွှေးကုတ်တစ်ထည်ကို ဝတ်ထားကာ သူမ၏ခပ်ပွပွဆံပင်ကို အဖျားကောက်ထားသည်။

သူမကို တစ်ချက်မျှ ကြည့်ပြီးနောက် ကားစက်ရပ်သွားသည်ကို စောင့်ကာ တံခါးဖွင့်ပြီး ထွက်လိုက်သည်။

တစ်ဖက်တွင်တော့ ဖုန်းဖေမှာ အဖြူရောင်ဘေ့စ်ဘော အကျီလက်ရှည်တစ်ထည်နှင့် ဘောင်းဘီတိုတစ်ထည်ကို ဝတ်ထားကာ အနှီအရာက သူ့အား ပုံမှန်ထက် ပိုအရပ်ရှည်ပုံပေါ်စေသည်။ကားထဲမှ ထွက်ပြီးနောက် နေကာမျက်မှန်တစ်လက်ကို တပ်လိုက်ရင်း ရှောင်းရွယ်ယင်ကို ဖျတ်ခနဲ ကြည့်လိုက်ပုံမှာ သူ အနှီမိန်းကလေးကို ရှုံးမည်မဟုတ်ကြောင်း ယုံကြည့်ချက်အပြည့်ရှိကြောင်း ပြောနေသလိုပင်။

ခပ်ထူထူအကျီတစ်ထည်ကို ခြုံရင်း ဟိုင်ရှို့ ကားထဲမှ ထွက်လိုက်ရာ ဖုန်းဖေကို ကြည့်ရင်း စိတ်ပူစွာပြောသည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now