Chapter 26

1.1K 268 13
                                    

နောက်တစ်ရက် ဖမ်းဖေ ကော်ရစ်တာမှ ဖြတ်သွားသည့်အချိန်တိုင်း ပဟေဠိပွားနေသည့်အမူအရာနှင့် ဟဲ့ဟော်က်ု တွေ့သည်။ဘဝက မမျှော်လင့်ထားတာတွေလည်း ဖြစ်နိုင်သည်ကြောင့် သူ ညည်းညူလိုက်သည်။ဥပမာပေးရလျှင် ပထမတော့ ရည်းစားစာကိစ္စကြောင့် အပြင်ထွက်မတ်တပ်ရပ်ကာ အပြစ်ပေးခံကသူမှာ သူဖြစ်ပြီး ယခုအချိန်တွင်တော့ ဟဲ့ဟော်ဖြစ်နေသည့်ကိစ္စဖြစ်သည်။

ဖမ်းဖေ သူ့နေရာ၌ သင့်တော်သည့် ဆက်ခံသူရှိမလာသည်ကို စိတ်မကောင်းဖြစ်ရကာ တစ်ချိန်ထဲမှာပင် ထိုလူက ဟဲ့ဟော်ဖြစ်နေသည်ကို မယုံကြည်နိုင်ပေ။

ထို့ကြောင့် သူအနှီကိစ္စကို အခွင့်ကောင်းယူကာ သူ ဟဲ့ဟော်ကို စနောက်ချင်သည်။

ကံဆိုးစွာဖြင့် ဟဲ့ဟော်သည် မှုန်မှိုင်းနေကာ တစ်နေ့လုံးစကားပင် မပြောချေ။

သို့သော် ဖမ်းဖေက ထိုကိစ္စကို သူအရင်စမေးရန် ဆန္ဒရှိနေဆဲပင်။

"မင်း သူငယ်ချင်းကြီးကို အသေးစိတ်မပြောပြချင်ဘူးလား"

ဖမ်းဖေသည် ဟဲ့ဟော်ဘေး၌ မတ်တပ်ရပ်နေကာ မျက်ခုံးများကို တွန့်ချိုးကာ မေးသည်။

"ဘယ်အတန်းက ကောင်မလေးလဲ ၊ ဒါက တကယ့်ကို မယုံကြည်နိုင်စရာပဲ"

ဟဲ့ဟော် အံကြိတ်ကာ ဖမ်းဖေကို ဒေါသတကြီးကြည့်နေပြီး သူ့အား တကယ်ပင် အစိမ်းလိုက်ဝါးစားပစ်ချင်နေသည်။

"ငါ့ကို စကားပြန်ပြောဦးလေ"

ဖမ်းဖေ၏လက်များသည် အိတ်ကပ်ထဲထည့်ထားရင်း နံရံကို မှီရပ်နေရာ ချောမောသည့်ပုံပေါက်နေပြီး ထိန်းမနိုင်သိမ်းမရသည့်ပုံလည်းပေါ်၏။သို့သော် ဟဲ့ဟော်ဘေး၌ ရပ်လိုက်ရခြင်းက သူ့အား ပိုပြီး စိတ်ကျေနပ်သွားစေသည်။ဖမ်းဖေ အတည်ကြီး ပြောသည်။

"တကယ်ကြီးလား ၊ ငါသာ မင်းဆိုရင် ပြန်ဖြေမှာ"

ဟဲ့ဟော်သည် စကားလုံးများကို အံကြိတ်ထားသည့်သူ့သွားများကြားမှ ဖျစ်ညှစ်ထုတ်လိုက်သည်။

"ထွက်–သွား–စမ်း!"

"နောက်တစ်ချိန် အတန်းမစသေးပါဘူး ၊ ငါအလျင်မလိုဘူး"

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now