Chapter 8

1.6K 407 17
                                    

[Unicode]

စနေနေ့မနက်ခင်းတွင် ဟိုင်ရှို့သည် ကျန်းယွီမန်၏အခန်းတံခါးကို ဖွင့်လိုက်ကာ တီးတိုးဆို၏။

"မား ...."

"ဟမ်?"

ကျန်းယွီမန် မြန်မြန်ဆန်ဆန်ပြန်ဖြေ၏။သူမ၏အလုပ်များကို ဘေးခဏချိတ်လိုက်ကာ ကွန်ပျူတာကိုပိတ်ရင်း အပြုံးတစ်ခုဖြင့် :

"ဘာဖြစ်လို့လဲ?"

ဟိုင်ရှို့ သူ့နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီးနောက် ညင်သာစွာပြောသည်။

"ကျွန်တော် .... ကျွန်တော် အပြင်ထွက်လို့ရလား?"

ကျန်းယွီမန် အံ့သြသွားပြီးနောက် ပြုံးလိုက်ရင်း ပြန်ဖြေ၏။

"ရတာပေါ့ ! သားကဘာလုပ်ဖို့သွားမှာလဲ ? အမေ့ကို သားနဲ့အတူ အဖော်လိုက်ပေးစေချင်လား?"

ဟိုင်ရှို့ သူ့ခေါင်းကိုယမ်းလိုက်သည်။

"ကျွန်တော့်အတန်းဖော်အိမ်သွားလည်မလို့"

ကျန်းယွီမန် ပိုပြီး အံ့သြသင့်သွားကာ သူ(မ)နှုတ်ခမ်းပေါ်ရှိအပြုံးမှာ အရောင်မှိန်သွားတော့သည်။

"သူငယ်ချင်းအိမ်သွားလည်မယ် ? ဘယ်သူငယ်ချင်းလဲ ?"

".... ကျွန်တော့်ရဲ့ ခုံဖော်"

ဟိုင်ရှို့ ပြုံးရင်းပြန်ဖြေသည်။

"အဲ့ဒီ အတန်းဖော်နဲ့ သိရုံပဲရှိသေးတယ် ...."

စိတ်မချနိုင်ဖြစ်နေသည့် ကျန်းယွီမန်၏နှလုံးသားမှာ အားရကျေနပ်ဖွယ် အံ့သြသင့်သွားပြန်ကာ နူးညံ့သည့်လေသံနှင့် ပြော၏။

"သူငယ်ချင်းအသစ်လား?"

ဟိုင်ရှို့ "အင်း" ဟုသည့်အသံကို ပြုလိုက်ကာ သူ၏မျက်လုံးများထဲတွင် အနည်းငယ်စိတ်လှုပ်ရှားနေသည်ကို မြင်နိုင်သည်။

ကျန်းယွီမန်၏မျက်လုံးထောင့်များသည် ရယ်လိုက်သည့်အတွက် ကွေးတက်သွားကာ ရွှတ်နောက်နောက်မေး၏။

"မိန်းကလေးတစ်ယောက်မလား?"

ဟိုင်ရှို့ ခေါင်းကို မြန်မြန်ခါယမ်းလိုက်ကာ:

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now