Chapter 12

1.6K 376 17
                                    

[Unicode]

နောက်တစ်နေ့ ဟိုင်ရှို့သည် ဖုန်းဖေ၏ပွေ့ဖက်မှုကြားထဲမှ နိုးထလာသည်။

"အမလေးလေး!"

သူ ဟိုင်ရှို့ကို အသာလေးတွန်းကာ ထုံနေသောသူ့လက်ကို ပွတ်လိုက်သည်။

"မင်းက ဘာများလဲ? ကျောက်တုံးတစ်တုံးလိုမျိုး အိပ်နိုင်တာပဲ"

အိပ်မှုန်စဝါးဖြစ်နေသည့် ဟိုင်ရှို့၏မျက်နှာသည် ရုတ်တရက် ရှက်သွေးဖြာသွားသည်။သူ အိပ်ချင်မူးတူးထထိုင်လိုက်ကာ သူ့မျက်လုံးကို ပွတ်ရင်း မေး၏။

"ဘယ် ..... ဘယ်အချိန်ရှိပြီလဲ?"

"၈နာရီထိုးတော့မယ်"

ဖုန်းဖေလှောင်ပြုံးပြုံးလိုက်သည်။

"ပုံမှန်ဒီအချိန်ဆိုရင် ငါ မနက်စောစော စာကြည့်ပြီးပြီ ၊ ၅ ကီလိုလောက်လည်း ပြေးပြီးလောက်ပြီ"

ဖုန်းဖေ ဟိုင်ရှို့၏ဘယ်ဘက်မျက်နှာပေါ်ရှိ အိပ်စက်ထားခြင်းကြောင့် ထင်နေသည့်အမှတ်ကို ထိလိုက်ကာ ပြုံးရင်း မေးသည်။

"ဗိုက်ဆာနေပြီလား?"

ဟိုင်ရှို့ အိပ်ရာနိုးခါစဖြစ်သောကြောင့် စိတ်နဲ့လူနှင့် သိပ်မကပ်သေးပေ။သူမျက်လုံးကို နောက်တစ်ကြိမ်ထပ်ပွတ်လိုက်ကာ အသံတိုးတိုးဆို၏။

"ဟင်? ငါ့ကို ကျောက်တုံးလို့ မပြောနဲ့ ....."

ထိုစကားလုံးများကို ကြားသည့်အခါ ဖုန်းဖေ မတ်တပ်ထရပ်ပြီး မျက်ခုံးများကို ပင့်လိုက်သည်။

"သူတောင်းစားက ရွေးချယ်ခွင့် မရှိဘူး ၊ မင်းကို အဲ့လိုမပြောနဲ့ ဟုတ်လား? မင်း ဒီလောင်ဇီရဲ့ လက်မောင်းပေါ်မှာအိပ်နေခဲ့တာလေ ၊ ငါ ၇ နာရီထဲကနိုးနေတာ ဒါပေမဲ့ မင်းကတော့ မနိုးသေးပဲ ကျောက်တုံးကြီးလို အိပ်နေလိုက်တာ ၊ ဟုတ်ပါပြီ ၊ မြန်မြန်ထတော့ ! မနက်စာစားရအောင်လို့"

(T/N *သူတောင်းစားက ရွေးချယ်ခွင့်မရှိဘူး ဆိုတာက ဟိုင်ရှို့ကသူ့လက်မောင်းပေါ် ထုံကျင်နေအောင် အိပ်ခဲ့ပြီးပြီ အခုမှတော့ ပြန်ပြင်မရတော့ဘူး ၊ အမှန်တရားမလို့ သူပြောချင်လဲပြောမှာပေါ့ဆိုတဲ့ အဓိပ္ပာယ်ပါ

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now