Chapter 40

901 210 20
                                    

<Unicode>

ကျန်းယွီမန်  ဟိုင်ရှို့အား ထိုအကြောင်းကို မပြောပြလျှင်တောင် ကိစ္စမရှိပေ။သို့သော် ယခုတွင်မူ ဟိုင်ရှို့မှာ သိသွားခဲ့လေပြီ။ယခု ဟိုင်ရှို့ ပိုပျော်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိသွားပြန်၏။

ဤလူမှာ ဟိုင်ရှို့အဖေဖြစ်နေသည့်အတွက် သူမ ဟိုင်ရှို့အား ရှင်းပြကာ ဟိုင်ရှို့အမြင်ကို မေးမြန်းသင့်သည်ဟု ကျန်းယွီမန်ထင်သည်။ဟိုင်ဟော်ဝေမှာ ဒီရက်ပိုင်းအတွင်း သူမကို စိတ်အနှောက်အယှက်ပေးလာကာ ဟိုင်ရှို့ကို ရှာရန် ကျောင်းသို့ လိုက်သွားမည်ဟုပင် ပြောလာသေး၏။ထို့ကြောင့်ပင် ကျန်းယွီမန်မှာ ဒီရက်ပိုင်းအတွင်း စိတ်ထင့်နေခဲ့ရသည်။ဟိုင်ဟော်ဝေ ရုတ်တရက် ရောက်ချလာခြင်းကြောင့် ဟိုင်ရှို့ လန့်သွားမည်ကို စိတ်ပူသည်။ထို့ကြောင့် ကျောင်းများစပိတ်သည့်အချိန် သူမ စိတ်သက်သာရာခဲ့ရသည်။သို့သော် သူမ အိမ်ပြန်ရောက်သည့်အခါ ဟိုင်ရှို့၏အဝတ်ဗီရိုထဲ၌ သူမ မမြင်ဖူးသည့်အဝတ်များကို တွေ့လိုက်ရသည်။သူမ နှလုံးသားထဲရှိ စိုးရိမ်ပူပန်နေသော ခံစားချက်မှာ နောက်တစ်ဖန် ပြန်လည်နိုးကြွလာကာ ဟိုင်ဟော်ဝေ ဟိုင်ရှို့ကို ဆက်သွယ်ပြီးပြီဟု ထင်လိုက်မိသည်။

တစ်ဖက်၌ ဟိုင်ရှို့မှာ ဟိုင်ဟော်ဝေသည် ကျန်းယွီမန်နာကျင်မှု၏အဓိကတရားခံဖြစ်မှန်း သိသည်။သူ တစ်စက္ကန့်လောက် တွေးဆပြီးနောက် ဝန်ခံလာသည်။

"မား... အရင်က အမေပေးထားတဲ့ ပိုက်ဆံတွေမှတ်မိလား? ဟိုဟာ... ကျွန်တော်ရဲ့နေထိုင်စရိတ်အတွက်...
ဖုန်းဖေကို ပေးစေချင်ပိုက်ဆံတွေလေ"

ကျန်းယွီမန် ဇဝေဇဝါဖြစ်သွား၏။

"အဲ့တာ ဘာဖြစ်လို့လဲ?"

ဟိုင်ရှို့ သူ့ခေါင်းကို စိုက်ချလိုက်သည်။

"ကျွန်တော်... ကျွန်တော် ပေးလိုက်တယ် ၊ ဒါပေမဲ့ ဖုန်းဖေက မယူဘူး ၊ သူ–"

ကျန်းယွီမန်၏အတွေးမှာ ပြတ်တောက်သွားကာ ရုတ်တရက် ပြောသည်။

"သား အဲ့ပိုက်ဆံတွေ သူ့ကို ပေးလိုက်ပြီလို့ ပြောခဲ့တာမဟုတ်လား?"

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang