Chapter 23

1.1K 299 12
                                    

[Unicode]

ဟဲ့ဟော်ထွက်သွားပြီးနောက် ဟိုင်ရှို့မီးဖိုချောင်ထဲမှ စိတ်ရှုပ်ထွေးလျက် ထွက်လာလေ၏။

" သူ... သူဘာလို့ထွက်သွားတာလဲ "

" သူလုပ်စရာရှိတယ် "

ဖမ်းဖေက သာမန်ကာလျှံကာ ဖြေလေသည်။

" သူ့အမေက ပြန်ခေါ်တာတာဖြစ်မယ်။ သည်နေ့အရမ်းတိမ်ထူတယ်လေ။ ခတ္တနေရင် နှင်းကျလောက်တယ်။ အဲ့ဒါကြောင့် သူ့အိမ်ကစိတ်ပူနေကြတာ "

" အို.."

ဟိုင်ရှို့မျက်မှောင်အနည်းငယ်ကြုတ်၏။

" ဒါပေမဲ့ပါဆယ်အိတ်..."

ဖမ်းဖေပြောပြီး အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရသည်။

" မင်းစားနိုင်သလောက်ပဲစား"

ညစာစားချိန်တွင် ဖမ်းဖေကဟိုင်ရှို့ကို ဘာမှမဖြစ်သလိုပြော၏။

" ဟဲ့ဟော်က ငါတို့ကို တစ်ယောက်နဲ့တစ်‌‌ယောက် ရင်းနှီးလွန်းတယ်လို့ ပြောတယ်"

ဟိုင်ရှို့ဆတ်ခနဲခေါင်းမော့လာပြီး ချောင်းထဆိုးတော့သည်။  ဖမ်းဖမ်းအမြန်ထ၍ သူ့နောက်ကျောကို ညင်ညင်သာသာပုတ်ပေးကာ ပြုံးပြလိုက်သည်။

" မင်းဘာဖြစ်သွားတာလဲ။ သတိလေးထားစမ်းပါ"

ဟိုင်ရှို့ခေါင်းခါပြသည်။  သူပါးစပ်ကိုလက်နဲ့ကာထားလျက်နှင့် ခါးနည်းနည်းကိုင်း၍ ချောင်းဆိုးနေပေသည်။ သူစိတ်ထဲတွင် အနည်းငယ်‌မ သက်သာသေးခင်စပ်ကြား တစ်မနက်လုံးချောင်းဆိုးနေခဲ့ကာ ပြော၏။

" မဟုတ်ပါဘူး၊ ဘာမှမဖြစ်ဘူး "

ဟိုင်ရှို့တကယ်ကို အပြစ်ရှိသလိုခံစားရ၍ ဖမ်းဖေကိုမကြည့်ရဲပါ။ ဖမ်းဖေပေးသော‌ရေခွက်ကို ယူသလိုနှင့် အကြည့်လွှဲ့ကာ ရေတစ်ငုံသောက်လိုက်သည်။ သူအသက်ပြင်းပြင်း အနည်းငယ်ရှုပြီးနောက် ဖျော့ဖျော့လေးပြုံး၍ ပြေလေသည်။

" ငါသတိလွတ်သွားတာ၊ အခုအဆင်ပြေသွားပါပြီ"

ဖမ်းဖေရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

" မင်းကလောတာကိုး။ ဖြေးဖြေးစား"

သူရေနောက်တစ်ခွက်ကို ဟိုင်ရှို့ထံသို့ ကမ်းပေးလိုက်သည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now