Chapter 7

1.7K 416 16
                                    

[Unicode]

တစ်နေ့ခင်းလုံး ဖုန်းဖေ၏စိတ်ခံစားချက်များမှာ ရှုပ်ထွေးနေသည်။

ဟိုင်ရှို့သည် ပိုက်ဆံအများကြီးနှင့် အချိန်အများကြီးကို စာအုပ်ဆိုင်သို့သွားကာ သူ့အတွက် ပညာရေးလမ်းညွှန်စာအုပ်များဝယ်ပေးရန် အသုံးပြုခဲ့သည်။ဒါပေါ့ ဖုန်းဖေသည် ထိုကိစ္စကို သဘောကျပါသည်။သို့သော် ထိုစာအုပ်များအကြောင်းတွေးကြည့်ပြီး ထိုစာအုပ်ပုံကြီးကို မြင်လိုက်ရသည့်အခါတွင်တော့ ဖုန်းဖေသည် စိတ်မသက်မသာခံစားလာရပြန်သည်။

ဖုန်းဖေသည် ဟိုင်ရှို့လွယ်အိတ်ထဲမှ စာအုပ်များကိုထုတ်ကာ သူ့စားပွဲပေါ်သို့တင်လိုက်ပြီး သူမျက်နှာမှာတော့ စိတ်အားထက်သန်နေပုံ တစိုးတစိမျှမရှိပေ။

"မင်း ....... မကြိုက်လို့လားဟင်"

အတန်းပြီးသည့်အခါ ဟိုင်ရှို့သည် ဖုန်းဖေကို သတ္တိမွေးကာ မေးလိုက်၏။

"ငါ ဒါတွေကိုဝယ်ခဲ့တာက ........ ဒီစာအုပ်တွေက မင်းအတွက်ကောင်းလို့ ၊ ငါ......"

ဖုန်း ပြုံးလိုက်ကာ :

"မဟုတ်ဘူး ၊ ငါကြိုက်တယ် ...... ဒါက ဒီတိုင်း ..... "

"မင်းဒီစာအုပ်တွေကို သယ်ပြီး အဝေးကြီးပြေးလာရတာကို ငါဝမ်းနည်းမိလို့ပါ" ထိုသို့ပြောထွက်ရန်မှာ အရမ်းကို ဒွိဟဖြစ်နေလွန်းသည်ကြောင့် ထိုအစား ဖမ်းဖေသည် စကားပြောင်းပြောလိုက်၏။

"မင်း ပိုက်ဆံဘယ်လောက်ကုန်ခဲ့လဲ?"

ဟိုင်ရှို့သည် သက်သောင့်သက်သာဖြင့် ပြန်ဖြေသည်။

"ရပါတယ် ..... ငါ့မှာ အဲ့စာအုပ်ဆိုင်က လျှော့စျေးကတ်တစ်ကတ်ရှိတယ် ၊ ငါအများကြီး မသုံးခဲ့ရဘူး ......"

ဖုန်းဖေသည် ဟိုင်ရှို့လွယ်အိတ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ကာ ဖွင့်ကြည့်လိုက်သည်။သူပထမဆုံးမြင်သည့်အရာမှာ ဟိုငိရှို့နှင့် သူ့အမေ၏ဓာတ်ပုံဖြစ်သည်။ထိုပုံသည် ဟိုင်ရှို့ဂျူနီယာအထက်တန်းကျောင်းတုန်းက ပုံဖြစ်ကာ ဆံပင်မှာလည်း အတော်ရှည်သည်။သူသည် ကင်မရာကို မျက်နှာမူထားကာ သူ၏အပြုံးမှာအတော်လေးချိုသည်။ဖုန်း ထိုပုံကိုမြင်သည့်အခါ လေချွန်လိုက်သည်။သူ ဓာတ်ပုံကို ထုတ်ရန်ကြိုးစားလိုက်သော်လည်း ဟိုင်ရှို့ သူ့ကို တား၏။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now