Chapter 11

1.6K 385 20
                                    

[Unicode]

".... အစောကြီးရှိသေးတာပဲ"

ဟိုင်ရှို့ သူ့မျက်လုံးကို လွှဲလိုက်သည်။

"ကူး .... အိမ်စာတွေ ကူးပြီးပြီလား?"

"အကုန်ပြီးပြီ"

ဖုန်းဖေ ဟိုင်ရှို့ကို ငုံ့ကြည့်နေဆဲဖြစ်ကာ သူပြုံးရင်းစကားပြောလိုက်သည့်အခါတိုင်း သူ၏ဝင်သက်ထွက်သက်သည် ဟိုင်ရှို့မျက်နှာပေါ်သို့ ကျရောက်နေ၏။

"ဘာလို့မရတာလဲ? ဒီအစ်ကိုကြီးကလည်း အတော်လေး ငယ်ပါသေးတယ်နော်"

ဟိုင်ရှို့၏မျက်နှာမှာ တကယ့်ကိုပင် နီမြန်းနေသည်‌ကြောင့် သူကွယ်ဝှက်ရန် ဆန္ဒစောနေသော်လည်း ဖုန်းဖေသူ့ကို ဆက်စနေသေးသည်။ဟိုင်ရှို့၏လက်ကောက်ဝတ်ကို သူ့လက်များဖြင့်ချုပ်ထားကာ ဟိုင်ရှို့ အားဘယ်လောက်ပဲသုံးပါစေ ရုန်းမရပေ။

"စကားကောင်းတစ်ခုခုပြော ၊ အဲ့တာဆိုလွှတ်ပေးမယ်"

ဟိုင်ရှို့ ထပ်ရုန်းကြည့်ကာ သူ့နှဖူး၌ချွေးများပင် ထွက်နေပြီဖြစ်သည်။သူသည် အသံတိုးတိုးဖြင့် ထစ်ငေါ့စွာ မေး၏။

"ဘာ .... ဘာပြောရမှာလဲ?

"အမ်း ...."

ဖုန်းဖေ တစ်ခုခုကို စဥ်းစားလိုက်ကာ ပြောသည်။

"ငါက မင်းထက်ကြီးတယ်ဆိုတော့ အစ်ကိုကြီးလို့ ခေါ်ကြည့် ၊ အဲ့လိုခေါ်မယ်ဆိုရင် ငါမင်းကို မရိုက်ဘူး"

ဟိုင်ရှို့ ပြောမပြတတ်အောင်ရှက်သည့်ခံစားချက်မျိုး ခံစားနေရသည်။သူခေါင်းကို ငုံ့ချလိုက်ကာ ဖုန်း‌ဖေ
အား အစ်ကိုကြီးလို့ တကယ်ပင် မခေါ်ချင်ပေ။ဖုန်းဖေ သူ့အား အနီးကပ်သေချာစူးစမ်းကြည့်နေကာ အပြုံးတစ်ခုဖြင့်ပြောသည်။

"အဲ့တာကြီးက မကောင်းဘူးဟုတ်? ငါမင်းကို မစတော့ပါဘူး ၊ တကယ်လို့ မင်းမခေါ်ချင်ဘူးဆိုလည်း မခေါ်နဲ့"

ဖုန်းဖေ ထပြီး ဟိုင်ရှို့ဘေးတွင် ပြောင်းထိုင်လိုက်သော်လည်း သူ့လက်များသည် ဟိုင်ရှို့၏လက်ကောက်ဝတ်ကို လွှတ်မပေးသေးချေ။ထို့နောက် သူပြောသည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now