Chapter 6

1.8K 471 40
                                    

[Unicode]

ဟိုင်ရှို့ပါးစပ်အဟောင်းသားနှင့် စက္ကန့်အနည်းငယ်လောက် မယုံနိုင်အောင်ဖြစ်ပြီးသွားပြီးနောက် အိမ်သာထဲသို့ ပြေးဝင်သွားတော့သည်။

ဖုန်းဖေတစ်ယောက် ဆွံ့အသွားတော့သည်။သူတို့တကယ်ပဲ ကျောင်းဆေးခန်းသို့သွားမည်ဟု ဟိုင်ရှို့ထင်နေတာလား?

တစ်မိနစ်လောက်ကြာသည့်အခါ ဟိုင်ရှို့အိမ်သာထဲမှထွက်လာပြီး ဖုန်းဖေ၏မျက်လုံးနှင့် ဆုံဖို့ရာ အရမ်းကိုရှက်နေသည်။ဖုန်း လှောင်ပြုံးပြုံးလိုက်ကာ :

"ဘာလို့ လက်မဆေးတာလဲ ၊ သွားဆေး ပြီးရင် အတန်းထဲပြန်သွားရအောင်လို့"

ဟိုင်ရှို့နာခံစွာဖြင့် လက်သွားဆေးလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလေသည်။

"မင်း ....... တမင် ရည်ရွယ်ပြီး လုပ်ခဲ့တာလား ? ငါအိမ်သာ မသွားနိုင်အောင် တမင်လုပ်တာမလား ?"

"အင်း အဲ့တာ...."

ဖုန်းဖေသည် အပြစ်မကင်းသလို ခံစားလိုက်ရ၏။

".......အဲ့တာက တမင်လုပ်တာ"

ဟိုင်ရှို့ သူ့အား ပဟေဠိဆန်ဆန်အမူအရာမျိုးနှင့် ကြည့်နေလေသည်။ဖုန်းဖေ ကူကယ်ရာမဲ့စွာ ခံစားနေရပြီး ဟိုင်ရှို့သည် သူ့ရောဂါအခြေအနေအကြောင်း မသိစေလိုသည့်ပုံပေါက်သည့်အတွက် ' မင်းရဲ့ တုံ့ပြန်နိုင်စွမ်းတိုးတက်လာအောင် ကူညီပေးတာ ' ဟုလည်း တိုက်ရိုက်ပြောမရချေ။

ဖုန်းဖေ စကားမပြောခင် ခဏတုံ့ဆိုင်းနေသည်။

"အဲ့တာ ငါ ......."

ဟိုင်ရှို့နှင့်မျက်နှာချင်းဆိုင်ဖြစ်သွားစေရန် သူ့ကိုယ်ကိုလှည့်လိုက်သည်။

" ငါမင်းကို စချင်ရုံသက်သက်ပဲ ဘာဖြစ်လို့လဲဆိုတော့ ငါမင်းကိုသဘောကျလို့"

ဟိုင်ရှို့၏မျက်ဝန်းထဲ၌ မယုံနိုင်သည့်အရိပ်အယောင်များရှိနေသည်။ဖုန်းဖေ ပြုံးလိုက်ပြီး ဟိုင်ရှို့ခေါင်းကို ပုတ်ရန် ရှေ့သို့ တစ်လှမ်းတိုးလိုက်သော်လည်း ထိုအစား သူလက်မောင်းကိုသာ ဖွဖွလေးပုတ်လိုက်ရင်း ပြောလေ၏။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now