လူသားစားမြို့(၁၂)

Start from the beginning
                                    

မာချန်းဂုံ ရဲ့ရင်ဘတ်က နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး သူ့မျက်လုံးတွေက နီရဲနေပြီး သူ့နားထင်က သွေးကြောတွေတောင် မြင်နိုင်အောင် ဖောင်းနေခဲ့သည်။ သူက မာဟန် ရဲ့လက်မောင်းကို တင်းကြပ်စွာ ကိုင်လိုက်ပြီး အံကြတ်လိုက်သည်။ သူ့အတွင်းပိုင်းစိတ်က သူ့နှလုံးသားထဲကို မျှားတစ်စင်းလို စိုက်ဝင်လာခဲ့သည်။ “မဟုတ်ဘူး၊ ငါ မင်းကို သေခွင့်မပြုဘူး!”

ဒီနာကျင်မှုကို ဘယ်လိုလုပ်ပြီး သူမသိပဲနေမှာလဲ!!! သူလည်း ဒါကိုခံစားဖူးတယ်! နောက်ပြီး သူ့ကို ဒီလိုနာကျင်အောင် လုပ်ခဲ့တဲ့သူကလည်း သူ့ရှေ့ကလူပဲ! နာကျင်မှုကြောင့် အခုချက်ချင်းပင် အဆုံးသတ်ချင်လောက်သည့် ဖိအားမျိုး!

ထိုအကြောင်းကို တွေးလိုက်ပြီး မျက်ရည်တွေက မာချန်းဂုံ ရဲ့မျက်လုံးထောင့်တွင် စုလာခဲ့သည်။

မာဟန် ကသူ့ရှေ့မှာ ကာလိုက်မယ်လို့ သူတကယ်ကြီး ထင်မထားခဲ့ဘူး!

သူ့မွေးဖွားခြင်းက ပြန်ရောက်လာတယ်လို့ ပြောနေပေမဲ့ သူ့အပေါ် အတိတ်က မာဟန် လုပ်ခဲ့တာတွေအားလုံးက အလိမ်အညာတွေပဲ! သူ့တွင် မကျေနပ်မှုတွေပြည့်နေပြီး သူ့အား မေးခွန်းထုတ်ချင်နေခဲ့တယ်!

သူ့အသိကနေ ဘာမှမလုပ်ခဲ့သည့် ဒီမာဟန် ကိုမမုန်းဘူးလို့သာ ပြောနေခဲ့သည်။

ထို့နောက် ချက်ချင်းပင် ထိုအမုန်းတရားအားလုံးက ဝေဝါးသွားခဲ့တယ်!

မာဟန် ကသူ့ညီပဲ! အန္တရာယ်နဲ့ကြုံတွေ့နေရင်တောင် မင်းညီအတွက် ရပ်တည်ပေးနိုင်ရမယ်!

ဂျင်းဟောင် ကဒဏ်ရာကို ပတ်တီးစည်းလိုက်ပြီး ခြောက်သွေ့သည့်အပြုံးကို ဆွဲထုတ်လိုက်ကာ နှစ်သိမ့်လိုက်သည်။ “မစိုးရိမ်ပါနဲ့၊ ရှင်မသေပါဘူး! ရှင်ကံကောင်းပါတယ်၊ သွေးထွက်နေတာ ရပ်သွားပြီ!”

စကားတွေကို ပြောပြီးသည်နှင့် မာချန်းဂုံ ဆီမှတင်းအားတွေက တဖြည်းဖြည်း လျော့ကျသွားပေမဲ့ သူ့အခြေအနေကတော့ မောပန်းနေတုန်းပင်။

ဟူဘင်း ကဘေးဘက်တွင်ရပ်နေကာ ဂျင်းဟောင် ရဲ့လှုပ်ရှားမှုအတိုင်း လိုက်ကြည့်နေခဲ့သည်။ မာဟန် အဆင်ပြေတာကို ကြားလိုက်ချိန်တွင် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now