လူသားစားမြို့(၁၀)

Start from the beginning
                                    

တန်ဂျွန် ကဘေးဘက်မှ ရှောင်ချန်း ရဲ့မျက်နှာကို စိုက်ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြုံးလိုက်သည်။ သူ့ညာလက်က ချက်ချင်းပင် တစ်ဖက်လူရဲ့ခါးကို ထိလိုက်ပြီး ရုတ်တရက် အထိအတွေ့ကြောင့် ရှောင်ချန်း ကတွန့်သွားခဲ့သည်။

ထို့နောက် သူ့တခြားလက်က လည်ဆွဲကိုင်ထားသည့် ရှောင်ချန်း ရဲ့လက်ကို ဆွဲလိုက်ပြီး တင်းကြပ်စွာ ကိုင်လိုက်သည်။

တန်ဂျွန် က ရှောင်ချန်း ရဲ့ခေါင်းအနောက်ကို နမ်းလိုက်ပြီးနောက် သူ့ဘယ်ဘက်နားတွင် “ဒါက ကိုယ့်ရဲ့ ၁၃ ခုမြောက်အရိုးပဲ၊ ဒါကို ကလေးသိလား?”

သူက ရှောင်ချန်း ရဲ့လည်ပင်းမှ ဆွဲကြိုးကို ရည်ညွှန်းနေခဲ့သည်။

ဘီဘယ်တွင် နတ်ဘုရားက လူသား အာဒံ ဆီကနေ ၁၃ ခုမြောက်အရိုးကို ထုတ်ယူခဲ့ပြီး လူသားအသစ် ဧဝ ကိုဖန်တီးခဲ့တယ်လို့ ရေးထားခဲ့သည်။

ဧဝ က အာဒံ ရဲ့ဇနီး ဖြစ်လာခဲ့သည်။

ရှောင်ချန်း ရဲ့အကြည့်က သူ့လည်ပင်းရှိ ဆွဲကြိုးဆီ ရောက်သွားခဲ့ပြီး သူ့လက်ချောင်းတွေက ပိုတင်းကြပ်သွားခဲ့သည်။

တန်ဂျွန် ကသူ့လက်မှ အားကိုခံစားမိလိုက်ပြီး သူ့နားနားတွင် နူးညံ့စွာရယ်လိုက်သည်။

ရှောင်ချန်း ရဲ့မျက်လုံးက အောက်စိုက်သွားပြီး သူ့လည်ပင်းက လှုပ်ရှားသွားခဲ့သည်။

မှန်တယ်၊ ဒါက သာမန်ဆွဲကြိုး မဟုတ်ဘူး။

တန်ဂျွန် ရဲ့အရိုးကိုသုံးပြီး သူထုခဲ့တဲ့ တံစဉ်ဆွဲကြိးပဲ။
ရှောင်ချန်း ကသူ့မျက်လုံးကို မှိတ်လိုက်သည်။

သူဆွဲထားတာကို တဖြည်းဖြည်းချင်း ထွင်းထုခဲ့တာ!

‘ဒါဆို’ ရှောင်ချန်း ကစိတ်လျော့လိုက်ရင်း အသက်ရှူလိုက်ကာ ‘ဒါဆို မင်းသိတယ်’

အကြောင်းပြချက် တစ်ခုတည်းကြောင့် သူပြန်လာခဲ့သည်။ စာတွင်ရေးထားတာက တန်ဂျွန် ရဲ့အရိုးတွေ အကုန်လုံး စုဆောင်းဖို့ ပြန်လာနိုင်တယ်လို့ ရေးထားတယ်!

ဒါက မဖြစ်နိုင်တာကို သူသိနေသော်လည်း ရလဒ်က သဘောမကျစရာ ဖြစ်နေရင်တောင်မှ သူပြန်လာခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now