လူသားစားမြို့(၈)

Start from the beginning
                                    

ဟွမ်ခဲ ရဲ့လည်ချောင်းက လှုပ်ရှားသွားပြီး သေလောက်အောင် ကြောက်နေပုံပေါ်သည်။ သူက အသိပြန်မဝင်ခင် အကြိမ်အနည်းငယ်လောက် အသက်ရှူသွင်းလိုက်ပြီး သူ့အသက်က နည်းနည်း အားနည်းနေတုန်းပင်။ “အဲ့လူတွေ စားနေတာကို ငါမြင်ခဲ့...”

သူ့စကားတွေက အကုန်ထွက်မလာပေမဲ့ သူပြောချင်တာကို လူအုပ်ကြီးက နားလည်ခဲ့သည်။

ဟွမ်ခဲ ကငိုတော့မဲ့ပုံပေါ်နေသည်။ “နောက်ပြီး အဲ့ရွာလူကြီး! ငါမြင်ခဲ့တယ်! အဲ့ရွာလူကြီးရဲ့ အလောင်းကို သူတို့က စားပစ်လိုက်ကြတာ!”

!!!

ရှင်းပြချက်က အကုန်ပဲ!

သူ့ခန္ဓာကိုယ်က လေထဲပျောက်သွာတာ အံ့ဩစရာမရှိတော့ဘူး!

ဟူဘင်း ကအနေအထားကို တွေးတောလိုက်ပြီး ဟွမ်ခဲ ကိုလွှတ်ပေးလိုက်သည်။ သူ့မျက်လုံးအောက်ခြေက ချိုင့်ဝင်နေပြီး သူ့အမူအရာက လေးနက်နေသည်။

မဟုတ်ဘူး၊ မဟုတ်ဘူး! မခံစားမိတဲ့ တခြားအရာတစ်ခုခု ရှိနေတယ်!

ရွာလူကြီးက ဘယ်လိုလုပ်ပြီး သေသွားခဲ့တာလဲ? သူတို့ဘယ်လောက်ပဲလျှောက်လျှောက် ဒီရွာကနေ ဘာကြောင့် ထွက်သွားလို့မရနိုင်တာလဲ?

ဒါက အရမ်းထူးဆန်းတယ်! ဒါတွေက လူဖန်တီးထားတာမျိုး လုံးဝမဟုတ်ဘူး!

ထိုအကြောင်းကို တွေးလိုက်ပြီး ဟူဘင်း ကရပ်လိုက်သည်။ “ငါတို့ အဓိကအချက်ကို လွတ်နေတယ်လို့ ငါတွေးမိတယ်!”

လူအုပ်ကြီးက သူ့ကို ကြည့်လာခဲ့သည်။

“အခုတော့ ဒီနေရာက ငါတို့နေနေတာ!” ဟူဘင်း ကမျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး ရှင်းပြလိုက်သည်။ “ငါတို့နေနေတဲ့ ဒီအိမ်က ရွာလူကြီးရဲ့အိမ်ပဲ၊ နောက်ပြီး ငါတို့ရောက်တဲ့နေ့က ငါတို့အခန်းသော့တွေ ပေးတုန်းက ဒုတိယထပ်ကို မသွားဖို့ ငါတို့ကို သတိပေးခဲ့တယ်! မှန်တယ်မလား?!”

ဂျင်းဟောင် နဲ့ မာဟန် ကအလျင်အမြန် ခေါင်းညိတ်လိုက်သည်။

“ဒီရက်တွေမှာ ဒီအိမ်ကို ငါတို့တွေ သေသေချာချာ မကြည့်ခဲ့ရသေးဘူး! နောက်ပြီး ဒုတိယထပ်ကို ဘယ်သူမှလဲ မသွားကြဘူး!” ဟူဘင်း ကလူအုပ်ကြီးရဲ့ အမူအရာကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ဒီရွာရဲ့အမှန်တရားကို ထုတ်ဖော်ချင်တယ်ဆိုရင် ဒီအိမ်ကနေ စ,ရမယ်လို့ ငါခံစားမိတယ်!”

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now